Friday, November 25, 2011

အထူးတိုက်ခိုက်ရေးတပ် တပ်မ (၄၄) ကို ကချင်နယ်မြေသို့ အင်အားဖြည့်

Friday, November 25, 2011

စစ်အစိုးရ စစ်တပ်ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း များတွင် စစ်အင်အား အလုံးအရင်းဖြင့် ပြန်လည် တိုးချဲ့ စစ်ဆင်လာနေကြောင်း ကေအိုင်အေ အရာရှိများမှ ပြောကြားလာပါတယ်။ ကချင်ပြည်နယ် မန်ဝိန်းကြီး၊ ဗန်းမော်-မြစ်ကြီးနား ကားလမ်း တလျှောက် စစ်တပ် စစ်အင်အားဖြည့်တင်း နေပါတယ်။ စစ်အစိုးရရဲ့ အောက်ပိုင်း စစ်တပ်ဖြစ်တဲ့ တပ်မ (၄၄) ကိုလည်း ယခုချိန်တွင် ကချင်ပြည်နယ် ကေအိုင်အေ ဌာနချုပ် လိုင်ဇာဘက်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရှိ ရပါတယ်။ တပ်မ (၂၂)၊ (၃၃)၊ (၄၄) စသည့် တပ်မ များဟာ တကယ့် တိုက်ခိုက်ရေး အထူး တပ်ဖွဲ့လည်း ဖြစ်ကြောင်း စစ်ဘက် နီးစပ်သူများမှ သိရှိ ရပါတယ်။ ယခုတပ်မ (၄၄) ကို ကချင်ပြည်နယ် သို့ အင်အားဖြည့် ပို့ဆောင်လိုက်ခြင်းဟာ ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေကို အကြီးအကျယ် ပြန်လည် ထိုးစစ်ဆင်ဖို့ ဖြစ်တယ်လို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။ ကေအိုင်အေ အဖွဲ့မှ ဘယ်လိုနည်းနဲ့ ပြန်လည် စစ်ဆင်ရေး ပြုလုပ်မလဲ ဆိုတာကိုတော့ တိုင်းရင်းသားတိုင်းနှင့် ပြည်ပရောက် အတိုက်အခံများ၊ အနောက်နိုင်ငံများ၊ ပြည်သူလူထုများ အားလုံး..အားလုံးဟာ စိတ်ဝင်စားစွာ အားပေး စောင့်ကြည့် နေကြပါတယ်။

သတင်း - W.P Moses

0 comments: