Monday, November 21, 2011

စစ်တပ်အနီး​ရှိ ​နေအိမ် အ​ဆောက်အဦများ​ ​ရွှေ့​ပြောင်း​ခိုင်း

 November 21, 2011

ကချင်ပြည်နယ်၊​ မြစ်ကြီး​နား​မြို့​ ​နောင်း​ပုံ​ကျေး​ရွာအနီး​ အ​ခြေစိုက် ခလရ ၃၇ တပ်ဧရိယာအနီး​ရှိ လူ​နေအိမ်နဲ့​ အ​ဆောက်အဦ​တွေကို နိုဝင်ဘာလကုန် ​နောက်ဆုံး​ထား​ပြီး​ ​ရွှေ့​ပြောင်း​ဖို့​ စစ်တပ်က အမိန့်​ထုတ်ထား​တယ်လို့​ မြစ်ကြီး​နား​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“၃၇ နဲ့​ ကပ်လျက်ရှိ​နေတဲ့​ ​နေအိမ်၊​ ကြက်ခြံ​တွေ၊​ သစ်စက်​တွေအား​လုံး​ကို နိုဝင်ဘာ ၃ဝ ရက် ​နောက်ဆုံး​ထား​ပြီး​ အား​လုံး​ ​ရွှေ့​ပြောင်း​ရမယ်လို့​ ခလရ ၃၇ က အမိန့်​ ထုတ်ပြန်တယ်။ အဲဒီဝန်း​ကျင်မှာ ကိုက် ၅ဝဝ အတွင်း​ကို တဲတတဲမှ ရှိတာ မမြင်ချင်ဘူး​တဲ့​။ လယ်သမား​တွေက လယ်လာစိုက်လို့​ရတယ်၊​ လယ်လာသိမ်း​လို့​ရတယ်။ ဒါ​ပေမယ့်​ ညအိပ် တာမျိုး​၊​ ​နေ့​လယ် နားနေဖို့​အတွက် ဘာအ​ဆောက်အဦမှ မမြင်ချင်ဘူး​လို့​ ​ပြောတယ်။”

၁၉၉၅ ခုနှစ်​လောက်မှစတင်၍ အဲဒီတပ်ဧရိယာအနီး​နား​မှာ ​မြေစာရင်း​ဌာနက တရား​ဝင် ကွက်သစ်တိုး​ချဲ့​ခဲ့​ပြီး​နောက်ပိုင်း​ မြစ်ကြီး​နား​နဲ့​ အနီး​နား​ဒေသခံ​တွေက စိုက်ပျိုး​ရေး​၊​ ​မွေး​မြူ​ရေး​နဲ့​ သစ်စက်​တွေ လာ​ရောက်လုပ်ကိုင် အ​ခြေချ​နေကြတာလည်း​ ဖြစ်ပါတယ်။

အ​ခြေကျ​နေပြီး​ဖြစ်တဲ့​ အဲဒီ​နေရာက​နေ မဖယ်​ပေး​ချင်​ပေမယ့်​ တပ်အမိန့်​အရ ဖယ်​ပေး​တော့​မယ်လို့​ ​ဒေသခံက ​ပြောပါတယ်။

“နန်း​ကွေ့​ကျေး​ရွာထဲကို ​ရွှေ့​ပေါ့​။ ဒါမှမဟုတ် ​နောင်း​ပုံ​ကျေး​ရွာထဲကို ​ရွှေ့​ပေါ့​။ တပ်​ဘေး​မှာ မ​နေနဲ့​ပေါ့​။ သူတို့​ကလည်း​ ခြံဝင်း​လေး​တွေနဲ့​ ​နေတယ်ဆို​တော့​ အခုဖယ်​ပေး​ရမယ်ဆို​တော့​ ​လျော်​ကြေး​က တပြား​မှ မရဘူး​လေ။ ကိုယ်​နေတဲ့​အိမ်ကို ဖျက်မယ်ဆိုလည်း​ ဖျက်ခ ကုန်ရဦး​မယ်၊​ နန်း​ကွေ့​ရွာထဲမှာ သွား​နေရင်လည်း​ ​ဆွေမျိုး​တွေခြံထဲမှာ အိမ်သွား​ဆောက်​နေရင်လည်း​ ​ဆောက်ခ ပြန်ကုန်မယ်​လေ။ ​ရွှေ့​ပြောင်း​ခ ကုန်မယ်​လေ။ သူတို့​က ​ရွှေ့​ဖို့​ အကုန်လုံး​ ဆုံး​ဖြတ်ကြပြီ​လေ။ တပ်အမိန့်​ဆို​တော့​လည်း​ ​ကြောက်တာကိုး​။”

အခုလဆန်း​ပိုင်း​က ခလရ ၃၇ က စစ်သည်နှစ်ဦး​ တပ်ဧရိယာအနီး​ရှိ လယ်ကွင်း​တွေအတွင်း​ ငါး​သွား​ရှာရမှ ​ပျောက်ဆုံး​ခဲ့​ပြီး​နောက်ပိုင်း​ အခုလို စစ်တပ်နား​က ​နေအိမ်အ​ဆောက်အဦ​တွေ ဖယ်​ပေး​ဖို့​ အမိန့်​ထုတ်လာတာလို့​ မြစ်ကြီး​နား​ ​ဒေသခံက ​ပြောပါတယ်။

From - DVB

ဒေါ်စု ရွေးကောက်ပွဲ ဝင်မယ့် အပေါ် K.I.O ရဲ့ တုံ့ပြန်ချက် Click

0 comments: