Saturday, November 26, 2011

ကေအိုင်အေ ဒုတိယအကြိမ် သိန်းစိန်နင့် တရုတ်နိုင်ငံ မှာ တွေ့မည် ။

Saturday, November 26, 2011


သမ္မတ ဦးသိန်းစိန် ရဲ့ အထူး ကိုယ်စားလှယ် အစိုးရသစ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော ကေအိုင်အေ ဘက်က  ကိုယ်စားလှယ်များ ပထမ အကြိမ်တွေ့ ဆုံပြီး ခဲ့ပါတယ် ။


  ဒုတိယအကြိမ်အားဖြင့် နောက်အပတ်တွင် အစိုးရသစ် ကိုယ်စားလှယ် များ နှင့် ကေအိုင်အို ကိုယ်စားလှယ်များ ပြန်ပြီး တရုတ်နိုင်ငံ မှာ တွေ့ဆုံဖို့ သဘော တူထားပြီးပြီလို့ သိရပါတယ်။


အစိုးရ ကိုယ်စားလှယ် နဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးခုတို့  နိုဝင်ဘာ ၁၉  ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးမှု ကို ထိုင်းနိုင်ငံမှာ  ပြုလုပ်ခဲ့ ပါတယ်။


တွေ့ဆုံမှုမှာ ကချင်  KIO မှ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့် ဗဟိုကော်မတီ အဖွဲ့ဝင် ဦးလဖိုင်လ တို့ပါဝင် တွေ့ ဆုံခဲ့ပါတယ်။


ဒုတိယအကြိမ် တရုတ်နိုင်ငံမှာ တွေ့ ဆုံမူ မှာတော့   ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာ၊ ဦးအင်စန်းဆန့်အောင်နှင့် အဆိုတော်  ဦးခဗျာခွန်းအောင်တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။


 သိန်းစိန် အစိုးရကတော့ အမြန်ဆုံး အပစ်ခတ်ရပ်ဆဲမှုကို စတင် ချင်ပေမဲ့   KIO ကတော့  နိုင်ငံရေး တွေ့ဆုံဆွေးနွေးလိုသည်ဟု ထုတ်ဖော်ပြောဆို ထားပါတယ်။


KIO KIA ကတော့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်ခဲ့ပေမဲ့ နိုင်ငံရေး


တိုးတက်မူ မရှိခဲ့သည့်အတွက် နိုင်ငံရေးသဘောတူညီချက် ရရန်


လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။


ဇော်ရှန် (မချမ်းဘော့)


ကေအိုင်အေ သဘောထားများ ဆက်လက်ဖော်ပြမည် ။


ပြည်သူလူထုများရဲ့ သဘောထားအမြင်များကိုလည်း အချိန်မရွေး ပေးပို့နိုင်ပါတယ်.. ခံစားချက်များ ကိုလည်း ပြောပြရေးသားပေးပို့နိုင်ပါတယ်.. ကျနော်တို့ တင်ပြသွားပေးမှာ ဖြစ်တယ်... ဓါတ်ပုံများ.. ဖြစ်ပျက်နေတဲ့ အရာအားလုံး.. ကချင်ပြည်သူများ ပေးပို့ကြပါ ရန် နိုင်းဆော်လိုက်ပါတယ်..



0 comments: