Thursday, November 24, 2011

ကချုင်ပြည်နယ်သို့ စစ်အစိုးရ စစ်တပ် စစ်အင်အား တိုးချဲ့

Thursday, November 24, 2011


ကချင်ပြည်နယ် ဗန်းမော် မြစ်ကြီးနားလမ်း မြို့သစ်သို့ စစ်အစိုးရ စစ်တပ်အင်းအား (၈၀၀) ကျော် ဟာ နိုဝင်ဘာလ (၂၃) ရက် ညနေပိုင်းမှာ ရောက်ရှိလာပြီ ဖြစ်ကြောင်း မျက်မြင်များက သတင်း ပေးပို့ လာပါတယ်။ ဤအစိုးရစစ်တပ်များသည် ကေအိုင်အေ စစ်ဌာနချုပ် လိုင်ဇာဘက်သို့ ဆက်လက် ထွက်ခွာသွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ ကေအိုင်အေ နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ရှေ့တန်း ရောက်နေတဲ့ စစ်အစိုးရ စစ်တပ် တချို့ကို ယခုအခါ အောက်ပြည်ဘက်မှ တပ်မ (၄၄) အပါအ၀င် စစ်အင်အား အများအပြားကို ကချင်ပြည်နယ် စစ်မျက်နှာပြင်သို့ လှဲလှယ် အစားထိုးနေကြောင်း သတင်းရရှိပါတယ်။



0 comments: