Sunday, November 27, 2011

တီးတိန်မြို့အနီး မီးလောင်မှုဖြစ်ပွား

Sunday, November 27, 2011


ယမန်နေ့ က မနက် ၄ နာရီဝန်းကျင်တွင် တီးတိန်မြို့အနီး ဂေါင်မွါလ်ရွာရှိ ဦးထန်လာမ်ကျင့်၏ နေအိမ်လောင်ကျွမ်းသွားခဲ့ကြောင်း တီးတိန်မှ လာသော သတင်းအရသိရသည်။

အခင်းဖြစ်ပွားချိန်တွင် ဦးပါးကျင့်၏ ဇနီးနှင့် သမီး နှစ်ဦးတို့ပိတ်ဆို့မိနေရာမှ ကိုယ်လွှတ်ရုံးထွက်နိုင်ခဲ့ကြပြီး ဇနီးဖြစ်သူမှာ ဆံပင်များလောင်းခဲ့သည်ဟု သိရသည်။




"အနီးတဝိုက်မှာ ဘယ်သူမှမရှိကြဘူး၊ သိတဲ့အချိန်ကျတော့ တစ်အိမ်လုံးမီးလောင်ကျွမ်းနေပြီလေ။ အခုချိန်မှာတော့ ရွာသူရွာသားများကပဲ ကူညီထောက်ပံ့နေကြတယ်"ဟု နီးစပ်ရာ ဒေသခံတဦးကပြောသည်။

အလားတူ ယခုနှစ်အတွင်း၌ တီးတိန်းမြို့တွင်းနှင့် အနီးတဝိုက်တွင် မီးလောင်မှု (၃) ကြိမ်ဖြစ်ပွားခဲ့သည်။

ဇော်ရှန်

0 comments: