Tuesday, November 22, 2011

အင်္ဂလန် အစိုးရ ကျောင်းသားဗီဇာ ဥပဒေ သစ်ထုပ်လိုက်

Tuesday, November 22, 2011


၂၀၁၁ မှစပြီး   အင်္ဂလန် နိုင်ငံ မှာ ကျောင်းသား ဗီဇာ နှင့် ပတ်သက်ပြီး အပြောင်းအလဲ ဥပဒေ သစ်ကို ထုပ်ထား လိုက်တယ် လို့ သိရပါတယ် ။။

လန်ဒန်-
ဧပြီ ၂၀၁၂ မှ စပြီး highly trusted sponsor ရရှိသော ကျောင်း များမှာ  အပ်သောသူများကိုသာ ဗီဇာ ချပေးတော့မှာ ဖြစ်ပြီး ယခုလက်ရှိတွင် ထို ဥပဒေ က အကျုံးဝင်ခြင်း မရှိသေးပါ။

- အင်္ဂလန်သို့ လာရောက်၍ ပညာသင်ကြားမည့် ကျောင်းသားတိုင်း အင်္ဂလိပ်စာ အဆင့်မြင့် upper intermediate Level (B2) ဖြစ်ရမယ် ယခု လက်ရှိ အဆင့်မှာ Lower Intermediate Level (B1) အဖြစ်သတ်မှတ်ထားတယ် လို့သိရပါတယ် ။
- အင်္ဂလန် နိုင်ငံ ကျောင်းသားဖြင့် ၀င်ရောက်လာသူတိုင်း လေဆိပ်အ၀င်မှာ စကားပြန် မလိုပဲ အင်္ဂလိပ် စကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ရမယ် ။

-တက္ကသိုလ် ကျောင်းများ၌ ပညာသင်ကြားသော ကျောင်းသားများ သာလျှင် အလုပ်လုပ် ခွင့်ပြုတော့မှာဖြစ်ပြီး  တက္ကသိုလ်ထက် အဆင့် နိမ့်သော ကောလိပ်ကျောင်းများ၊ အင်္ဂလိပ်စာ သင်တန်း ကျောင်းသားများ အလုပ်လုပ်ခွင့် မပြုတော့ဘူးလို့ သိရပါတယ် ။
 အခု လက်ရှိ ကျောင်းသားတိုင်း အလုပ်လုပ်ခွင့် ပြုထားပါတယ် ။

 တက္ကသိုလ် များ၌ post graduate ကျောင်းသား များသာလျှင် မိသားစု ခေါ်ခွင့်ပြုတော့မှာ ဖြစ်ပြီး ယခုလက်ရှိ ကျောင်းသားတိုင်း မိသားစု ခေါ်ဆိုခွင့်ပြုထားပါတယ် ။
-အင်္ဂလန်နိုင်ငံသို့ ကျောင်းလာ တက်သော ကျောင်းသားများအား “၃” နှစ် အတွင်း ဘွဲယူရန် နှင့် `“၅`“နှစ် အတွင်း အဆင့်မြင့် ဘွဲ့ယူရန် သတ်မှတ်လိုက်တယ် ။ ယခုလက်ရှိ ကျောင်းသားများအား ကန့်သတ်ချက်မရှိပဲ သက်တန်းတိုးခွင့်ပေးထားသေးတယ် ။

Tier 1 (post study work) ကို ပိတ်မည်။ တက္ကသိုလ်မှ ကျောင်းပြီး ပြီး အလုပ်ရှာ လို သော သူများအား ယခုချိန်တွင် ၂ နှစ် အလုပ်ရှာ ခွင့်ပေးထားပြီး ဧပြီ ၂၀၁၂ မှစပြီး  အလုပ်ရှာလိုတဲ့ သူများကို Tier 2 point base system ဖြင့် သတ်မှတ်ပြီး အကျုံးဝင်သော သူများသာ လျှောက်ခွင့်ပြုမည်ဖြစ်ပါတယ် ။


 ဇော်ရှန် (wunpawng)

0 comments: