Saturday, December 17, 2011

ကေအိုင်အေ စစ်မှုထမ်းများ အတွက် ထိုင်းနိုင်ငံရှိ ကချင်ရွာမှ ခရစ်မတ်စ် ဆုတောင်းပွဲ..

Saturday, December 17, 2011

ထိုင်းနိုင်ငံရှိ ကချင်ရွာဖြစ်တဲ့ ဘန့်မိုင်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ ဒီနေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို/ကေအိုင်အေ စစ်မှုထမ်း၊ စစ်ဗိုလ်၊ စစ်သား နှင့် အရာရှိ လူကြီးများ အားလုံးအတွက် ခရစ်မတ်စ် ကောင်းချီးပေး ဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်းကို ဘန့်မိုင်ရွှာ ကချင် လူငယ်ခေါင်းဆောင်မှ ယခုလိုပြောပြ လာပါတယ်..“ ကျနော်တို့ဒီမှာ ဝန်ပေါင် ကချင် မိသားစု အိမ်ခြေ (၁၀၀) ကျော်ရှိတယ်..။ ထိုင်းနိုင်ငံ ဘုရင်မှ သတ်မှတ်ထားပေးတဲ့ ထိုင်းနိုင်ငံ ကချင် ရွာကလေးဖြစ်တယ်..။ ဒီနေ့ ကျနော်တို့ ဘန့်မိုင် ခရစ်ယာန် သင်းအုပ်ဆရာ၊ အမှုတော်ဆောင်များနှင့် ဝန်ပေါင် ကချင်မိသားစု၊ ကချင်လူငယ်တွေ ပါဝင်ပြီး ယခုစစ်ဖြစ်နေတဲ့ ကချင်ဒေသ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများနှင့် ကေအိုင်အေ စစ်မှုထမ်းများ အတွက် ခရစ်မတ်စ် ကောင်းချီးပေး ဆုတောင်းပွဲ ပြုလုပ်ခြင်း ဖြစ်ပါတယ်..” ဟု ပြောပြလာပါတယ်။


W.P Moses

0 comments: