Monday, December 12, 2011

ပြည်သူ့ သွေးစုပ်နေတဲ့ သိန်းစိန် အစိုးရ

Monday, December 12, 2011



စစ်အစိုးရရဲ့ ပြည်သူတွေအပေါ်မှာ နိုင်ထက်စီးနှင်း ပြည်သူ့သွေး၊ ဂုတ်သွေးစုတ်နေခြင်းကို ပြည်သူတစ်ဦးက အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

“သိန်းစိန်အစိုးရတွေဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် တခြားနယ်မြေများတွင် ပြည်သူများနှင့် ယာဉ်တိုက်မှု (Accidence) ဖြစ်ရင် ဓါးမြလိုလို ငွေ ကို အတင်းအကြပ်တောင်းပြီး၊ ပြည်သူတွေကို သူတို့ (စစ်တပ်) ရဲ့ ဆိုင်ကယ်၊ ယာဉ် အမျိုးမျိုးဖြင့် တိုက်မိရင်တော့ ဘာတခုမှ မကူညီတဲ့ အပြင် အပြစ်တောင် ပြောပြီး နိုင်ထက်စီးနှင်း လုပ်နေတာကို ပြည်သူများက ဘာမှ မပြောရဲကြပါဘူး။”

“အခုဆိုပိုဆိုးလာပါပြီ… စစ်အစိုးရဟာ နေရာတိုင်းမှာ အထူးသဖြင့် စစ်ဖြစ်နေတဲ့ ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများတွင် နည်းအမျိုးဖြင့် အပြစ်မဲ့ ပြည်သူတွေကို ညှင်းပန်း နှိပ်စက် နေကြတယ်။ မြစ်ကြီးနားမှာဆို ကျနော်ကိုယ်တိုင် တွေ့မြင်နေရတယ်.. နောက်ဆိုရင် ကျနော် ဓါတ်ပုံတွေရိုက်၊ ဗွီဒီယိုတွေ တတ်နိုင်သမျှ ရိုက်ပြီး ပို့ပေးမယ်..”
ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ဈေးတန်း

“မြစ်ကြီးနားမှာဆိုရင် ည ၁၁း၀၀ နာရီ လူတွေတောင် မရှိတော့တဲ့ အချိန်ထိ လမ်းဆုံ၊ လမ်းခွတွေမှာ အစောင့်တွေ ချထားတယ်။ အခုဆိုရင် ညနေပိုင်း ဆိုရင် သိန်းစိန် စစ်သားတွေက ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းတယ်၊ လိုင်စင် စစ်တယ်၊ တကယ်လို့ ဆိုင်ကယ် လိုင်စင် မရှိရင် အနည်းဆုံး ပိုက်ဆံ ငါးထောင် (၅၀၀၀) အထက် တောင်းတယ်၊ ပြည်သူတွေက ပေးရတယ်။ ဆိုင်ကယ် လိုင်စင်ဟာ ဆိုင်ကယ် တစ်စီးစာလောက်သွားကျတယ်။ လိုင်စင်တစ်ခု လုပ်ရင် အနည်းဆုံး နှစ်သိန်း ငါးသောင်း (၂၅၀၀၀၀) ပေးရတယ်။ အဲ့ဒါကြောင့် ဆင်းရဲတဲ့ ပြည်သူတွေဟာ ဆိုင်ကယ် ဝယ်နိုင်ပေမယ့် လိုင်စင် မလုပ်နိုင်ကြပါဘူး။ ဆိုင်ကယ် တစ်စီးဝယ်ရင်တောင် လေးသိန်း (၄၀၀၀၀၀) ဘဲဟုတ်တယ်။ အဲ့ဒါကြောင့် ကျောင်းသားတွေဟာ မဖြစ်မနေ အနေနဲ့ ဆိုင်ကယ် ဝယ်စီးဖို့ လိုတယ်လေး..။ သူတို့ (သိန်းစိန်အစိုးရ) အဲ့လို ပြည်သူတွေအပေါ် သွေးပြန်စုပ်၊ နှိပ်စက်နေရင်တော့ ပြည်သူတွေဟာ ပိုပို ပြီး ဆင်းရဲ ဒုက္ခ ရောက်လာမှာပေါ့…” ဟု ဖြစ်ပျက်နေတဲ့ ပြည်သူနှင့် အစိုးရတို့ ကြားက အဖြစ်များကို ရင်ဖွင့် ပြောပြလာပါတယ်။

W.P Moses

0 comments: