Sunday, December 18, 2011

ဒီဇင်ဘာ ၁၈-၁၉ ထိုင်းနိုင်ငံတွင် မြန်မာပြည်သားများအတွက် အခမဲ့ ခရစ်မတ်စ်ပွဲတော် ကျင်းပပြုလုပ်

Sunday, December 18, 2011

ထိုင်း နိုင်ငံတွင်ရောက်ရှိ အလုပ် လုပ်ကိုင်စားသောက်နေသော မြန်မာနိုင်ငံသားများအားလုံး (လူမျိုး ဘာသာ မရွေး) အတွက် ဒီဇင်ဘာလ ၁၈-၁၉ ရက်နေ့မှာ အခမဲ့ ခရစ်မတ်စ် ပွဲတော်ကို ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ချစ်ကြည်ရေး တံတားမှာ ညနေ ၆း၃၀ နာရီမှ စသင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ မဲဆောက်မြို့ရှိ ထေ့စဘန်း ဘောလုံးကွင်းမှာ ပြုလုပ် ကျင်းပ သွားမှာ ဖြစ်ပါတယ်။

ခရစ်မတ်စ်နှင့် အတူ အထူး အခမဲ့ အဖိုးတန်သော ကံစမ်းမဲများလည်း ထိုင်းနိုင်ငံရောက် မြန်မာ ပြည်သားများ အတွက် ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
မဲဆောက်ကျေးဇူးတော် အသင်းတော် (Maesot Grace Church) မှ ဦးဆောင်ကာ မဲဆောက်မြို့မှာ ရှိတဲ့ အသင်းတော် အားလုံး ပါဝင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မလေးရှားနိုင်ငံမှ ဆရာကြီး Rev. Raymond Mooi မှ ဧဝံဂေလိ တရားတော် ဟောကြားခြင်း သာမက အနာငြိမ်း (ကုလို့မရတော့တဲ့ အနာရောဂါ၊ နား မကြားခြင်း၊ မျက်စိ မမြင်ခြင်း၊ အောက်ပိုင်း သေခြင်း၊ လေဖြတ်ရာဂါ၊ ကျောရိုးရောဂါ၊ စသည့် အမျိုးမျိုး နာကျင်ခံစားရတဲ့ အနာရောဂါများကို) ဆုတောင်း ကုသ ကောင်းချီးပေးမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ဆရာကြီး Rev. Raymond Mooi နှင့် အတူ ဆရာ့ရဲ့ ရှေ့ပြေးဆရာ ဆရာကြီး ဖါဒီနန် (ဖီလပိုင်နိုင်ငံ) နှင့် အတူ အဖွဲ့သား မြောက်များစွာလည်း ပါဝင်သွားမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။

-လာရောက်၍ ကောင်းကြီးခံစားပါ

၁။ မူးယစ်ဆေးဝါး စွဲခြင်းမှ လွတ်မြောက်လိုသူများ
၂။ ကုသ၍ မပျောက်သောရောဂါများ
၃။ နွေးထွေးမှုမရှိသော မိသားစုအိမ်ထောင်များ

ဤအရာအားလုံးဟာ အခမဲ့ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်..။

၁၈ ဒီဇင်ဘာလ၊ ၂၀၁၁ ညနေ ၆း၃၀ နေရာ - မဲဆောက်ချစ်ကြည်ရေး တံတား (ထိုင်းနိုင်ငံဘက်ခြမ်း)
၁၉ ဒီဇင်ဘာလ၊ ၂၀၁၁ ညနေ ၆း၃၀ နေရာ - မဲဆောက်မြို့ ထေ့စဘန်း ဘောလုံးကွင်း

လူမျိုးဘာသာ မရွေးလာရောက်ပါဝင်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်..။

W.P Moses

0 comments: