Saturday, December 17, 2011

ရှေ့တန်းနယ်မြေနှင့် တချို့ ကချင်ရွာများကို စစ်အစိုးရ စစ်တပ်မှ မီးရှို့..

Saturday, December 17, 2011

 ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှာ ရောက်နေတဲ့ သိန်းစိန်စစ်တပ် များကို အင်အား ထပ်ဖြည့်ဖို့ ၊ ၀င်လာကျတဲ့
ခလရ ၁၄၂ နှင့် ၃၇ တပ်မှ အင်အား ၁ဝဝ ကျော် နဲ့ ယနေ့နံနက် ၄ နာရီကျော်မှာ ကေအိုင်အေ စစ်တပ်နဲ့  စပြီး တိုက်ပွဲများ ဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

ကေအိုင်အေ စစ်တပ်များ က အလုံးရင်း ၀င်လာတဲ့ အစိုးရတပ်သား ၁၀၀ ကျော်ကို ဖြတ်ပြီး တိုက်ခိုက်ခဲ့ မှုကြောင့် အလုံးအရင်း ၀င်လာတဲ့ မြန်မာတပ်များ ကျဆုံးမှု များလာတဲ့ အတွက် ပြန်ဆုတ် သွားတယ်လို့ သိရပါတယ် . ။

သိန်းစိန် ကချင်ရွာများကို  မီးရှို့လိုက်ပြီ


ကျသွားတဲ့ စစ်သားများမှ လက်နက်ကြီးငယ်များကို ရရှိလိုက်တယ်လို့ သိရပါတယ် ။

နောက်ဆုတ်ပြီး  ဒေါ့ဖုန်းယန်ကနေ တောင်ဘက် ၃ မိုင်လောက် ဝေးမှာရှိတဲ့ ဒိန်ဂါရွာမှ အိန်ခြေ ၁၀ အိမ် အနည်းဆုံး  မီးရှို့လိုက်ပြီး ဆုတ်သွားတယ်လို့ သိရပါတယ်။

 မီးရှို့ဖျက်ဆီးလိုက်သည့်အထဲမှာ ဒိန်ဂါကျေးရွာက ဆေးခန်းများကိုပါ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ် ။

 မနေ့က  ၂ နာရီခန့် မှာ  လွယ်ရင်းစခန်း ကိုလည်း ရဟတ်ယာဉ်တစီးဖြင့် လက်နက်နဲ့ ရိက္ခာများ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

W.P Moses


0 comments: