Tuesday, December 13, 2011

နိုင်ငံရေး လေ့ကွက်တခုသာ ဖြစ်နိုင်တဲ့ သိန်းစိန်ရဲ့ ညွန်ကြားစာ

 Tuesday, December 13, 2011

ကေအိုင်အေ ကို အစိုးရတပ် ထိုးစစ်ဆင်နေတဲ့လုပ်ရပါတွေ ရပ်ဆိုင်းထားရန်အတွက် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလ ၁၀ ရက်နေ့က ညွန်ကြားစာ ပေးပို့လိုက်တယ်လို့ သိရပါတယ် ။

သိန်းစိန်

ထိုးစစ်ရပ်ရန် သမ္မတ ညွန်ထားပေမဲ့  ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ နယ်မြေ ကွတ်ခိုင်မြို့နယ် အတွင်း  KIA  တပ်ရင်း ၉ နယ်မြေ အတွင်းဘက် ဦးတည်ပြီး စတင် ထိုးစစ် ဆင်နေပြီလို့ ကေအိုင်အေ ကပြောပါတယ် ။

ယမန်နေ့က မင်းအောင်လှိုင်ထံ  ညွန်ကြားစာ ပို့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာဘဲ  လက်နက်အပြည့် ပါလာတဲ့ လားတွေ နဲ့  စစ်အင်အား ၂၀၀ ကျော် ခန့်   စတင်ပြီး KIA  တပ်ရင်း ၉ နယ်မြေ သို့ ရောက်ရှိပြီလို့ ပြောပါတယ် ။

တပ်မတော်ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လိုင်

သမ္မတ ဦးသိန်းစိန် ညွှန်ကြားပေမဲ့ ထိုးစစ်များရှိနေပါတယ်...

 ကေအိုင်အေ ကတော့ တရားဝင်စာ မရောက်ရှိလာသည့် အတွက်  အစိုးရတပ်များ  နယ်မြေထဲမှာ ဝင်ရောက် ပြီး ထိုးစစ်တွေ ပြင်ဆင်နေတဲ့အတွက်  လုပ်သင့်တာ ဆက်လုပ်သွားမယ်လို့ ကေအိုင်အေ ကပြောပါတယ်။

ထိုးစစ်ရပ်ဖို့ ညွန်ကြားစာပေးပို့ပြီးနောက်  တနင်္လာနေ့ မှာ
 ကချင် စစ်ပြေးရှောင် ဒုက္ခသည်များ အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ပထမဆုံး အကြိမ် ငွေကျပ် သိန်း ၇၀၀ ၊ အသုံးဆောင်များ ၊ သတင်းစာ ရှင်းလင်းပွဲ ကို    မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ မှာ   နံနက်  ၈ နာရီကနေ စပြီး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပေးအပ်ပွဲမှာ လူအင်အား စုစုပေါင်း  ၆၅၀  ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ် ။

အစိုးရတပ်ကတော့ ရှေ့တန်းမှာဘဲ မကဘဲ နောက်တန်းမှာ ရှိတဲ့ သိန်းစိန် စစ်သားများ ကတော့ တရွာဝင် တရွာထွတ် ကချင်လူထု ၊ ရှမ်းလူမျိုးများ နေထိုင်သည့်ဒေသ မှာ  ၊ လုယက်မူ ၊ ရွာများကို မီးရူး မူများ ၊ အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်မူများ ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ
 တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ သိရပါတယ် ။

W.P Moses

0 comments: