Thursday, December 15, 2011

အသက် ၂၇ နှစ် အရွယ် ချင်း အမျိုးသား တစ်ဦး ရေနှစ် သေဆုံး

Thursday, December 15, 2011

လွန်ခဲ့သည့် သောကြာနေ့ ဒီဇင်ဘာလ ၉ ရက် နေ့မှာ သြစတြေးလျနိုင်ငံ၊ Queensland ပြည်နယ်၊ Brisbane မြို့ Wolffdene ရှိ Albert မြစ်၌ မြန်မာနိုင်ငံသားတဦး ငါးမျှားရာမှ ရေနစ်သေဆုံးခဲ့ရသည်ဟု သြစတြေးလျမှ လာသော သတင်းများအရ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသား ဦးဆန်ကပ်လျန်းဟာ ဒုက္ခသည်အဖြစ် သြစတြေးလျနိုင်ငံတွင် ခိုလှုံနေထိုင်သူ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်တွင် ၎င်း၏ဇနီးဖြစ်သူက "ငါးအကြီးကြီးရတယ်လို့ ကျမကို ပြောပြီး ကျမကို ငါးမျှားကြိုး နာနာကိုင်ထားဆိုပြီး သူရေထဲခုန်ချသွားတယ်။ အဲဒါနဲ့ သူပြန်ပေါ်မလာတော့ဘူး။" ဟု ပြောပါတယ် ။
ကျမဘာမှ မမှတ်မိတော့ဘူး။ သူသေတယ်လို့တောင် ကျမစိတ်က အခုချိန်ထိ မယုံကြည်သေးဘူး။ မယုံနိုင်ဘူး.. ဟု သူမက ဆက်ပြောတယ်။

အလောင်းအား ဒေသခံရဲများ၏ ရှာဖွေပေးမှုကြောင့် အခင်းဖြစ်ပွားပြီး နောက်တနေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်၌ တွေ့ရှိခဲ့တယ်။

အခင်းဖြစ်ပွားရာ၌ မိတ်ဆွေ ၁၀၀ နီးပါးလောက်က သေဆုံးသူနှင့် ကျန်မိသားစုဝင်များ အတွက် ဝတ်ပြု ဆုတောင်း မေတ္တာ ပို့ပေးခဲ့ကြသည်။

0 comments: