Wednesday, December 14, 2011

ကေအိုင်အေ၊ သိန်းစိန် အစိုးရ၊ အထူးသတင်း...

Wednesday, December 14, 2011

 ကေအိုင်အေကို စံပြထားပြီး အပြတ် ချေမှုန်မည်ဟု ပြောတဲ့ သမ္မတ သိန်းစိန်

သိန်းစိန် စစ်အစိုးရ စစ်တပ်ဟာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေကို အထူး ချေမှုန်းတိုက် ဖြတ်ရန် စီစဉ်နေကြောင်း စစ်ဘက်နီးစပ်သူများမှ သိရှိရပါတယ်။ သမ္မတ သိန်းစိန်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကေအိုင်အေအား ထိုးစစ်ဆင်နေခြင်းကို ရပ်ထားရန် ညွန်ကြားစာကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့စွဲဖြင့် ပေးပို့ခဲ့ပေမယ့် အမှန်တကယ်ဟာ နိုင်ငံရေး လေ့ကွက် တစ်ခုသာ ဖြစ်ကြောင်း စစ်ဖက်လေ့လာသူများက သုံးသပ်ပါတယ်။

သိန်းစိန်အစိုးရဟာ ကေအိုင်အေကို စံပြထားချေမှုန်း တိုက်ဖြတ်ရန်အတွက် စစ်မြေပြင်တွင် လိုအပ်သည့် စစ်ပစ္စည်းများကို အဆင်သင့် စီစဉ်နေပြီ ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများမှ သိရှိရပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

ယခုဆိုရင် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်ပြီး၊ ကေအိုင်အေနှင့် ပြည်သူများ (စစ်ဖြစ်နေတဲ့ နယ်မြေ) ကို သတိပေး နေပါတယ်။

သတင်းများကို ဆက်လက်စုံစမ်း ဖော်ပြသွားပါမယ်..

W.P Moses

0 comments: