Thursday, December 15, 2011

ပါတီ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ

Thursday, December 15, 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီးနောက် ပါတီမှတ်ပုံတင်ရာတွင် လိုအပ်မည့်  ဥက္ကဌနှင့် ဒုတိယ ခေါင်းဆောင်များကို လာမည့် ၁၉ ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြောရေဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

" ဓါတ်ပုံ .  ခခူးလ

အမျိုးသား ဒီမိုကရေစီ အဖွဲ့မှ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အဖွဲ့ဝင် ၂၁ ဦးပါ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ပါသည့် လူများမဟုတ်ပဲ ပါတီ မှတ်ပုံတင်ရန်လျှောက်ထား ရန် ရွေးကောက်ပွဲ ကော်မတီသို့ အမည်စာရင်း တင်သွင်းထားသည့် ၂၁ ဦးသည် လာမည့် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပါတီပြန်လည် မှတ်ပုံတင်ရန် အတွက် လိုအပ်မည့် ဥက္ကဌနှင့် ဒုတိယ ခေါင်းဆောင်များကို ပြန်လည် ရွေးချယ်ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြန်ကြားရေးမှ သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်  ပြီးခဲ့သည့်နိုင်ဝင်ဘာ၂၅ ရက်နေ့က ပါတီ မှတ်ပုံတင်ရေး အတွက် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွား ရောက် လျှောက်ထားခဲ့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှတ်ပုံ တင်လျှောက် ထားခြင်းနှင့် ပါတ်သက်၍ နေပြည်တော် ပေည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံရေး ပါတီတည် ထောင်ခွင့်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အား ဥပဒေ နည်း ဥပဒေများနှင့် ညီညွတ်သောေ ကြာင့်  နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်သည်။

 W.P Moses (WPN)

0 comments: