Sunday, December 11, 2011

ကေအိုင်အေ တပ်ရင်း (၃) အခြေအနေ

Sunday, December 11, 2011

  
 နိုဝင်ဘာ ၁၅ ရက် မြန်မာအစိုးရမှ သိမ်းပိုက်လိုက်သည့် ကန်ပိုင်တီလမ်းမှ KIA တပ်ရင်း ၃ လဖိုင်စခန်း
 
 ၇ ရက်ကြာ ကေအိုင်အေ တပ်ရင်း (၃) အခြေစိုက် ဝူထောင်တောင်မှာ ကေအိုင်အေနှင့် သိန်းစိန် စစ်တပ် တို့အကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ်အစိုးရ စစ်သား (၃၀၀) ကျော် ကျဆုံး ကြောင်း သိရှိ ရပါတယ်။ ပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့ တိုက်ပွဲမှာတော့ (၁၀၀) ဝန်းကျင် ကျဆုံး ကြောင်း သိရှိ ရပါတယ်။ အားလုံးပေါင်းရင် စစ်အစိုးရ စစ်သားများ ဝူထောင် စခန်းတိုက်ပွဲမှာ စစ်သား (၄၀၀) နီးပါး ကျဆုံးပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

“စစ်အစိုးရ စစ်သားများဟာ အော်ဟစ်ပြီး ချီတက်လာရာ ကေအိုင်အေ တပ်ရင်း (၃) တို့မှ ခံ ပစ်ခြင်း ဖြစ်တယ်..” ဒီ သတင်းကို တပ်ရင်း (၃) မှ ဖုန်းဆက်ပြီး ပြောပြလာပါတယ်။

အဲ့လို တိုက်ပွဲတွေ ဖြစ်ပြီးနောက် စစ်အစိုးရ စစ်သားများ အဆမတန် ပြန်လည်  ချီတက်လာမှုကြောင့် ကေအိုင်အေ တပ်ရင်း (၃) ကို ခေတ္တခဏ နေရာ ဖယ်ပေးလိုက်ခြင်း ( ခွာ စစ်ဆင်ခြင်း) ဖြစ်တယ်လို့ သိရပါတယ်။ နေရာ ဖယ်ပေးလိုက်ပေမယ့် တိုက်ပွဲဟာ နေ့တိုင်း ဖြစ်ပွားနေပါတယ်။

W.P Moses

0 comments: