Friday, December 16, 2011

သုံးယောက်မြောက် စင်္ကာပူရောက် မြန်မာ အမျိုးသမီး သေကြောင်းကြံ

Friday, December 16, 2011

အလုပ်သွားလုပ်နေတဲ့  မြန်မာအမျိုးသမီး အစေခံတဦး ခုံးကျော်တံတားတစ်ခုပေါ်မှ ယာဉ်များ သွားလာနေချိန်  လမ်းပေါ် ခုန်ချ သေကြောင်းကြံ စင်္ကာပူရောက်မြန်မာများရဲ့ ပြောဆိုမှုအရ သိရပါတယ်။

ဓါတ်ပုံ .zogampost ....

ခုန်ချတဲ့ နေရာကတော့ Kallang-Paya Lebar အဝေးပြေးလမ်း၊ Pan-Island အဝေးပြေးလမ်း နှင့် Sims လမ်းမဆုံ နေရာမှာ လုပ်ကြံခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

လုပ်ကြံခံ မြန်မာ အမျိုးသမီး အသက်ဟာ  ၂၇ နှစ်အရွယ် ဖြစ်ပြီး Katong Shopping Centre အလုပ်သမား ရှာဖွေပေးရေး အေဂျင်စီ (the United Channel Employment Agency) များ နဲ့  တွေ့ဆုံပြီး နေ့လည် ၁၁ နာရီ ၀န်းကျင်မှာ လုပ်ကြံခဲ့တယ်လို့ မျက်မြင်များက ပြောဆိုပါတယ် ။

အလုပ်သမား ရှာဖွေပေးရေး အေဂျင်စီ အဖွဲ့ များနဲ့ တွေ့ဆုံ အပြီး နေအိမ်အပြန်လမ်းတွင် လုပ်ကြံတဲ့ မြန်မာ အမျိုးသမီးကတော့ အပြာရောင်အင်္ကျီနှင့် အပြာရောင် ဂျင်းဘောင်းဘီ ဝတ်ဆင်ပြီး ခုံးကျော်တံတား အစွန်းရှိ ပန်းခင်းပေါ် ငါးမီးနစ်ခန့် ရပ်ပြီး မျက်နှာမှာ တခုခုကို အရန်းခံစားနေပုံ တွေ့တယ်လို့  မျက်မြင်များရဲ့ ပြောဆိုမှုက တဆင့် သိရပါတယ် ။


မြန်မာနိုင်ငံသား တဦးကို ပြည်သူ့ ကာကွယ်ရေးအင်အား အဖွဲ့  ပြောခွင့်ရ တဦးကို ဖုန်းဆက်မေးတော့ '
'' အရေးပေါ်ကားကို လွှက်လိုက်တယ်။ သူ့ ညာဘက်လက်မှောင်း နဲ့ ဘယ်ဘက် ခြေထောက် ကျိုးနေတာတွေ့ရတယ် သူ့ကို အခု Tan Tock Seng ဆေးရုံ အရေးပေါ်အခန်းမှာ ပို့ထားတယ် '' ဖုန်းဆက်မေးခဲ့သူက ပြောပြခဲ့တာပါ ။

ဆက်ပြီးတော့သူက '' အခုလို လုပ်ကြံတဲ့ အထိ ဖြစ်ခဲ့တာ ဒီတကြိမ်နဲ့ဆို သုံးယောက်အနည်းဆုံး လုပ်ကြံခဲ့တယ်လို့လည်း သူက ဆက်ပြီးပြောပါတယ် ။ ခုန်ချသေကြောင်းကြံမှုတွင် တတိယမြောက်ဖြစ်ကြောင်း သိရှိရသည်။

ဘာကြောင့် အခုလို လုပ်ကြံမှုတွေဘာကြောင့်  ဖြစ်နေတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး ။


0 comments: