Saturday, December 17, 2011

တိုက်ပွဲ ၊ မီးရှို့ဖျက်ဆီး ၊ ကချင်အမျိုးသမီးများကို မဒိန်းကျင့်

Saturday, December 17, 2011

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ ထိုးစစ် ရပ်ဆိုင်းထားရန် သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ညွန်ကြားထားပေမဲ့  KIA တပ်များနှင့် စစ်အစိုးရ စစ်တပ်များ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေပြီး သိန်းစိန် စစ်တပ်က ကချင်ရွာများကို  မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်သာမက ကချင်အမျိုးသမီးများကို  မုဒိန်းကျင့် သတ်ဖြတ်မှုများ နေ့စဉ် ဖြစ်နေတယ်လို့  သိရပါတယ်။

 
မန်စီမြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂၊ ၁၅၊ ၂၇ နှင့် မိုးမောက်မြို့နယ် တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နယ်မြေများအတွင်း ထိုးစစ် ဆင်မှုများလည်း နေ့စဉ်ဖြစ်ပွားနေတယ်လို့  ကေအိုင်အေက ပြောပါတယ် ။

အင်အားတိုးလာသည့် တပ်များကတော့  တပ်မ ၉၉ စစ်ဆင်ရေး နေရာမှာ စကခ ၁ဝ လက်အောက်ခံ တပ်ရင်းတွေ ပြန်ဖြည့်နေပြီး တပ်အင်အား ပိုများလာတယ်လို့ သိရပါတယ် ။

သမ္မတက ညွန်ကြားထားပေမယ့် ရှေ့တန်း တပ်ဖွဲ့တွေက စစ်မြေပြင်ခွင်မှာ ရောက်နေတော့ တိုက်ပွဲက ငြိမ်းဖို့ အခြေအနေ အခုထိ မရှိသေးဘူးလို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။
 
W.P Moses

0 comments: