Sunday, December 11, 2011

မလေးရှားတွင် ယာဉ်တိုက်မှုကြောင့် ကချင်အမျိုးသမီးတဦး သေဆုံး

Sunday, December 11, 2011
ခခူးလ (wunpawng )


မလေးရှားနိုင်ငံမှာ  ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်တဲ့ ကချင်အမျိုးသမီးတဦး မနူးလာ  လွန်ခဲ့တဲ့ သောကြာနေ့ မွန်းလွှဲ ၁၂ နာရီခွဲခန့်မှာ ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့ရတယ်လို့  သိရပါတယ် ။

မနူးလာဟာ အသက် (၂၅) နှစ် အရွယ်ဖြစ်ပြီး  အလုပ်ခွင်မှ ဆိုင်ကယ်နဲ့အပြန် လမ်းမှာ အရှိန်ပြင်းစွာ မောင်းနှင်လရာ တိမ်းမှောက်သွားပြီ  အခုလို သေဆုံးရတယ်လို့  သိရပါတယ်။

''သူမောင်းလာတာက အရှိန် အရန်းမြန်ပြီး လမ်းဆုံရောက်တော့ မထိန်းနိုင်ဘဲ သူ့ဟာသူ မောက်သွားတယ်လို့ ဖြစ်တဲ့နေရာ ဘေးကလူတွေပြောတယ် ။  သူ့ကို ဆေးရုံသို့ အမြန်ဆုံးတော့ ပို့ တယ် ။
 ဒဏ်ရာက များတယ်ဗျ ကြည့်ရတာ  ဦးခေါင်းပိုင်း ဦးနှောက်ထဲထိပေါ့  သွေးဝင်သွားတယ် လို့တော့ ဆရာဝန်တွေက ပြောတယ် ။ မကြာဘူး သူ  ဆေးရုံမှာ ပဲ ဆုံးသွားတယ် ။ စိတ်မကောင်းပါဘူးဗျာ " မလေးရောက် မြန်မာနိုင်ငံသား တဦးကပြောပါတယ် ။


သေဆုံးသွားတဲ့  အသက် ၂၅ နှစ်အရွယ် ကချင်အမျိုးသမီး ဒေါ်နူးလာ။

မနူးလာက  ကချင်လူမျိုး ဖြစ်ပြီး  မြစ်ကြီးနာမြို့  မှာ နေထိုင်ခဲ့ပြီး မလေးရှားနိုင်ငံကို ဒုက္ခသည်အဖြစ် ခိုလှုံပြီး မကြာသေးခင်ကဘဲ ချင်းအမျိုးသား တဦးနှင့် လက်ထပ်ထားတယ်လို့ လဲသိရပါတယ် ။

မနူးလာ အလောင်းကိစ္စ နဲ့ ပတ်သက်ပြီး အသုဘ ကိစ္စများကို တော့ မလေးရှားရောက် ကချင်လူမျိုး၊ ချင်း ၊  ပေါင်းပြီး ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ် ။

W.P Moses (WPNG ကျေးဇူးတင်ပါတယ်)

0 comments: