Thursday, September 22, 2011

K.I.A တပ်ရင်း အသစ် (၂) ရင်း ပြန်လည်ဖွဲ့စည်း

Thursday, September 22, 2011


ရှမ်းပြည်နယ်အခြေစိုက်တဲ့ K.I.A တပ်မဟာ (၄) မုန်ဂိုတွင် K.I.A တပ်ရင်း (၂) ရင်းကို ပြန်လည်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတပ်ရင်း မှာ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၆) နှင့် (၃၈) တို့ဖြစ်ကြောင်း သိရှိရပါတယ်။ ယင်းတပ်ရင်း ဖွဲ့စည်းလိုက်တဲ့ နေ့မှာ ဘဲ မုန်ဂိုတပ်ရင်း တို့နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ (၉) ဦးကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတပ်ရင်း (၂) ရင်းကို ဖွဲ့စည်းလိုက်ခြင်းမှာ ရှမ်းပြည်နယ်တွင် အခြေစိုက် တဲ့ K.I.A တပ်မဟာ (၄) ဟာ ကချင် လွတ်မြောက်ရေး တပ်မတော် အတွက် အထူးအရေးပါသော နေရာ ဖြစ်တဲ့အတွက် ယခုလို ဖွဲ့စည်းလိုက်တယ်လို့ K.I.A အရာရှိများမှ သိရှိရပါတယ်။

0 comments: