Tuesday, September 20, 2011

ကချင်လို့ပြောတဲ့အတွက် စစ်တပ်မှ ပစ်ခြင်းခံရတဲ့ တရုတ်

Tuesday, September 20, 2011

နမ့်ခမ်း နယ်မြေတဝိုက်

စက်တင်ဘာလ ၁၈ ရက် ၂၀၁၁ နေ့မှာ ရှမ်းပြည်နယ် နမ်ခမ်း ရန်ဝူ (Nam Hkam , Yanwu) ကျေးရွာမှ ဦး ရှောင်ယန် (Shauyang) တရုတ်လူမျိုး ကို စစ်အစိုးရတပ်ဖြစ်တဲ့ ခမရ (၁၄၄) အဖွဲ့တို့က အင်မောင် (ရွှေလီ) ရေးအားလျှပ်စစ် သွားရာလမ်းမှာ သေနတ်ဖြင့်ပစ် ခဲ့ကြာင်း စုံစမ်းသိရှိရပါတယ်။

ဦးရှောင်ယန်နော် ဟာ မီးသွေးလိုက်ရောင်းပြီး အသက် မွေးဝမ်းကြောင်း ပြုနေခြင်း ဖြစ်ရာ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၃း၀၀ ဝန်းကျင်တွင် အင်မောင် ရေအားလျှပ်စစ် သွားရာလမ်း လွယ် ကျေးရွာ အနီးရှိ လွယ်ကျက် တံတားမှာ ထော်လာဂျီ မော်တော်ကို ရေဖြည့်နေစဉ် စစ်တပ်ရဲ့ ခမရ (၁၄၄) မှ ဒုတပ်ရင်းမှူး (2ic) မေဂျာ ဝင်းထွဋ်လေး ဦးဆောင်တဲ့ စစ်တပ်ရောက်လာပြီး ဦးရှောင်ယန်နော် ကိုစစ်ဆေး မေးမြန်းခဲ့ခြင်းဖြစ်တယ်။ မေဂျာဝင်းထွဋ်လေးဟာ ဦးရှောင်ယန်နော်ကို ဘာလူမျိုးလဲ ဟုမေးမြန်းခဲ့ရာ ရှောင်ယန်နော်က လီဆူး (ကချင်) လို့ပြောလိုက်ရာ မေဂျာဝင်းထွဋ်လေး ဟာ ကချင်ဆိုရင်တော့ အားလုံးသတ်လို့ပြောပြီး ၎င်းအား သေနတ်ဖြင့် (၂) ချက်ပစ်ရာ ပခုံးမှာ တစ်ချက် ဗိုက်မှာ တစ်ချက် ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နောက်မှ ကောင်းကောင်း ပြန်မေးကြည့်ရာ တရုတ်လူမျိုးဖြစ်နေရာ ချက်ခြင်းဘဲ မူဆဲ ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရှိရပါတယ်။

ဒီလိုမျိုးအဖြစ်အပျက်တွေကို ကြည့်ရင် စစ်အာဏာရှင် အစိုးရဟာ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ဆိုပြီး ဘယ်လောက်ဘဲ ပါးစပ်ကနေ ပြောနေပါစေ သူတို့ ( စစ်အာဏာရှင်အစိုးရ) ရဲ့စိတ်နှလုံးထဲမှာ တော့ ကချင် လူးမျိုးတွေကို အမြစ်ပျက် ရှင်းပြစ်ခြင်နေတာကို တွေ့ရှိခံစားနေရပါတယ်။ ကချင်လိုမျိုးဘဲ မဟုတ်ပါဘူး တိုင်းရင်းသား အားလုံးအပေါ်မှာ ဒီလိုမျိုးစိတ်ဓါတ်သာ ရှိနေမယ်ဆိုရင်တော့ တတိုင်းပြည်လုံး စစ် ဖြစ်လာ နိုင်ပါတယ်။ ချစ်ခင် လေးစားအပ်ပါသော ကချင်၊ တိုင်းရင်းသား အပေါင်းတို့ ဒီလိုမျိုး အဖြစ်အပျက်ဟာ ကိုယ့်ပေါ်မှာ မရောက်လာနိုင်ပါဘူးလို့ ဘယ်သူမှ အာမ အခံနိုင်ပါဘူး။ ကိုယ်ကို မထိရင်ပြီးရော ဆိုတဲ့စိတ်ဓါတ် ရှိနေကြတဲ့ ကချင်ပြည်သူပြည်သားများကို အလေးအနက် သိစေချင်ပါတယ်။

0 comments: