Monday, September 19, 2011

K.I.A တပ်မဟာ (၄) နယ်မြေ လွယ်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်

 Monday, September 19, 2011
 
 K.I.A

စက်တင်ဘာလ ၁၈ ရက် ၂၀၁၁ ညနေပိုင်း ၄း၀၀ နာရီ ဝန်းကျင်တွင် ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ K.I.A တပ်မဟာ (၄) နယ်မြေဖြစ်တဲ့ မုန်ဂို (Mung Gu) အနီးရှိ လွယ်ကန် (Loi Kang) ကျေးရွာတွင် ဒူဇောင်းဖုန် (Du Zawng Hpung) ဦးဆောင်တဲ့ K.I.A  တပ်နှင့် စစ်တပ်ဘက်မှ ခလရ (၂၉၀) နှင့် စစ်တပ်တို့ အကြား တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ စစ်တပ်ဘက်မှ ခမရ (၅၂၁)၊ (၁၁၀) တပ်တို့က ယင်းနယ်မြေတွင် စစ်အင်အား ပြန်လည်ဖြည့်တင်း ခဲ့ပြီဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ အခုချိန်မှာ စစ်အစိုးရနှင့် K.I.A တို့အကြား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အထက်ပိုင်းတို့မှာ တိုက်ပွဲများ အဆက် မပျက် ဖြစ်ပွားနေကြောင်း သိရှိနေ ရပါတယ်။

0 comments: