Friday, September 23, 2011

ဆင်လွမ်တောင်ကုန်းမှာ K.I.A နှင့် စစ်တပ်တို့တိုက်ပွဲဖြစ်

Friday, September 23, 2011

ဒီနေ့ စက်တင်ဘာလ ၂၃ ရက် ၂၀၁၁ မနက် ၉း ၀၀ နာရီ ဝန်းကျင်မှာ ဆင်လွမ် (Sinlum) ကျေးရွာတွင် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နှင့် စစ်အာဏာရှင် အစိုးရရဲ့ ရဲတပ်ဖွဲ့များတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။  တိုက်ပွဲဖြစ်ပွားလာသည်နဲ့ ဆင်လွမ်တောင်မှာ အခြေစိုက်တဲ့ စစ်တပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ရာ ယင်းလက်နက်ကြီးများကြောင့် K.I.A တို့ နောက်ဆုတ် သွားခဲ့ကြောင်း ဆက်လက်စုံစမ်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် ရဲတပ်ဖွဲ့များမှ (၁၀) ဦး ဟာ ထိခိုက် လှဲကျနေပြီ ဖြစ်ကြောင်း K.I.A ထံမှ သတင်း စုံစမ်း သိရှိရပါတယ်။ နှစ်ဖက်အကြား တိုက်ပွဲဖြစ် ပွားနေချိန်မှာ ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကယ်ရီ ဆိုင်ကယ် နှစ်ယောက်ဟာ ယင်းနယ်မြေတွင် ဝင်ရောက် လာခဲ့မိရာ စစ်တပ်ရဲ့ အမြောက်ကြီး များကြောင့် ယင်းဆိုင်ကယ်သမား နှစ်ဦးမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ယင်းရဲ တပ်ဖွဲ့များသည် ဆင်လွမ် လမ်းမှာ ပြည်သူ လူထုထံမှ ငွေကြေးများကို အတင်းအဓ္ဓမ ကောက်ခံနေသော ရဲ တပ်ဖွဲ့များ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

0 comments: