Friday, September 23, 2011

ရှမ်းပြည်နယ် ဟိုးဖျက်နယ်မြေမှာ K.I.A နှင့် စစ်တပ်တို့ အကြားတိုက်ပွဲဖြစ်ပွား

Friday, September 23, 2011

 ရှေ့တန်းထွက်ဖို့ မိန့်ခွန်း ကြားနာနေသော K.I.A အရာရှိနှင့် စစ်သည်တော်များ

ဒီနေ့ စက်တင်ဘာလ ၂၃ ရက် ၂၀၁၁ မနက် ၁၀း ၁၆ နာရီ ဝန်းကျင် ရှမ်းပြည်နယ် ကွတ်ခိုင်ခရိုင် ဟိုးဖျက် နယ်မြေတွင် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နှင့် စစ်တပ်ဘက်မှ (NE RMC) လက်အောက်ခံ LIB (45), (144) အပါအဝင် MOC – 16 လက်အောက်ခံ LIB (68), (69) စစ်တပ် အင်အား (၂၀၀) ကျော် တို့အကြား ဟိုးဖျက် နယ်မြေ ကျေးရွာဟောင်းဖြစ်တဲ့ မန်နောင် တဝိုက်မှာ တိုက်ပွဲ ဖြစ်ပွား နေကြောင်း ရှေ့တန်းနယ်မြေ K.I.A အရာရှိ များထံမှ စုံစမ်းသိရှိရပါတယ်။

တိုက်ပွဲမှာ ၄၅ မိနစ်ကျော် ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး ယခုချိန်တွင် နှစ်ဘက်စလုံးမှာ ရပ်နားနေကြောင်း၊ K.I.A ဘက်မှာထိခိုက်မှု မရှိပေမယ့် စစ်တပ်ဘက်မှာတော့ ထိခိုက်နေပြီ ဖြစ်ကြောင်း ရှေ့တန်း K.I.A အရာရှိများထံမှ သိရှိရပါတယ်။ ယခုအချိန်မှာ စစ်အာဏာရှင်အစိုးရတို့က ရှမ်းပြည်နယ် ဆင်လွမ်မှာ အခြေစိုက်တဲ့ MOC – 16 လက်အောက်ခံ LIR (507) , LIR (522) တပ်ဖွဲ့များမှ စစ်ကူတိုက်ရန် ချီတက် လာနေပြီဖြစ်ကြောင်း ရှေ့တန်းနယ်မြေမှ K.I.A သတင်းများအရ စုံစမ်းသိရှိရပါတယ်။ ဒီလို အခြေ အနေဖြစ်လာ ပြီဆိုရင်တော့ နှစ်ဖက်စလုံးမှာ စစ်အင်အားတိုးချဲ့ပြီး တိုက်ပွဲများမှာ ပိုမိုပြင်းထန် လာနိုင်ကြောင်း စုံစမ်းသိရှိရပါတယ်။

ဒီတိုက်ပွဲဟာလည်း ကချင်ပြည်နယ် နမ်ဆန်ယာန် တိုက်ပွဲကဲ့သို့ ပြင်းထန်လာမှာကို ပြည်သူ လူထုများက စိုးရိမ်ပူပန်နေကြကြောင်း သိရှိရပါတယ်

0 comments: