Friday, September 23, 2011

မြန်မာအစိုးရမှ K.I.A အကြောင်းအပုပ်ချ

Friday, September 23, 2011

 ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့ဝင်များ

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကာကွယ်ရေးဒုဦးစီးချုပ်၊ ကချင်ပြည်နယ်တိုင်းမှူး၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့ဝင်များ၊ ရဲမင်းကြီး နှင့် အခြားစစ်ဘက် ဆိုင်ရာ အရာရှိ (၆) ဦးတို့ပါဝင်သော အဖွဲ့သည် ဗန်းမော်မြို့သို့  ရဟတ်ယဉ်  နှစ်စီးဖြင့်   ရောက်ရှိခဲ့သည်။ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် ပြုလုပ်ခဲ့သော အစိုးရ၀န်ထမ်းများ၊ ဘာသာရေး အကြီးအကဲများ နှင့် တွေ့ဆုံသည့် အချိန်များ တွင်မူ ကာကွယ်ရေး ဒုဦးစီးချုပ်၊ တိုင်းမှူးနှင့် အခြားစစ်ဘက်ဆိုင်ရာ  အရာရှိ (၆) ဦးတို့ ပါဝင်ခြင်း မရှိတော့ပဲ ရဲမင်းကြီးနှင့် ကချင်ပြည်နယ် ၀န်ကြီးချုပ်တို့မှ   K.I.A အစိုးရ ဆိုးသွမ်းကြောင်းကို အပုပ်ချ ၀ါဒဖြန့်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းမှ -ဇူလိုင်လ ၂၈ ရက်နေ့တွင်   K.I.A အဖွဲ့သို့ ပြခဲ့သော အပစ်ခတ် ရပ်စဲရေး စာချုပ် မူကြမ်းကို ၀ နှင့် မိုင်းလား အဖွဲ့များသို့ ပေးပို့ခဲ့ရာ ချက်ခြင်း လက်မှတ် ထိုးကာ သဘောတူ ညီခဲ့ကြောင်း၊ ရှမ်း ၊ကရင် ၊မွန် ၊ကယား နှင့် အခြားအဖွဲ့ အစည်းများ ကိုလည်း ပေးပို့ ထားကြောင်း၊   K.I.A အဖွဲ့ အနေနှင့် လက်ခံခြင်း မရှိသဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ နှေးကွေးလျက် ရှိကြောင်း ပြော ဆိုသွားသည်။ ယင်းအပြင် အဓိက အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပင်လျင်…

 “တိုင်းပြည်ကောင်း ကျိုးတွက်ဆိုလျင် အသုံးချလျင် အသုံးချခံမည်” ဖြစ်ကြောင်း ပြောဆိုနေချိန်၊ မတူတာ ကိုဘေးဖယ် တူတာကို လက်တွဲလုပ်ရမည့်  အချိန်တွင် K.I.A လက်မခံကြောင်း ပြောသွားခဲ့သည်။ ယင်းအပြင် K.I.A သည် မြန်မာအစိုးရ စစ်တပ် ရိက္ခာ လမ်းကြောင်းများကို အနှောက် အယှက် ပေးတိုက်ခိုက် လျက်ရှိပြီး၊ ဒုက္ခသည် အရေအတွက် ကိုလည်း ပိုမိုပြောကြောင်း၊ ကုလ သမဂ္ဂနှင့် ပူးတွဲ ကောက်ထားသည့် စစ်တမ်းများအရ ဒုက္ခသည် (၅၀၀၀) ငါးထောင် သာရှိကြောင်း၊ နှစ်သောင်းဆိုသည့် အရေ အတွက်မှာ ချဲ့ကားပြောခြင်း ဖြစ်ကြောင်း တို့ကိုလည်း ထပ်ဆောင်းပြော သွားသည်။ ယင်းနေ့ နံနက် (၈) နာရီခွဲ အချိန်တွင်လည်း  ဗန်းမော်ဇုံနယ် အသင်းတော်များ အဖွဲ့ချုပ်ရုံးသို့ သွားရောက်ခဲ့ပြီး  ခရစ်ယာန် ဘာသာရေး   ခေါင်းဆောင်များ   နှင့် တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို K.I.A မှ ရေးထိုးရန် တိုက်တွန်းပေးရန် ပြောခဲ့သည်။

ဘာသာရေးခေါင်းဆောင်များမှ သဘောတူလက်မှတ်မရေးထိုးပါက ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို မေးမြန်းခဲ့ရာတွင် ယင်းက တိုက်ပွဲကြီးများ ဖြစ်လာနိုင်ကြောင်း ဖြေသွား ခဲ့သည်။ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည်များကို မေးမြန်း ခဲ့ရာ တွင်လည်း   မြစ်ဆုံ စီမံကိန်းသည်   ပြည်ထောင်စု အစိုးရ အကောင် အထည်ဖော်သည့် စီမံ ကိန်းဖြစ်ကြောင်း၊ ပြည်နယ် အစိုးရနှင့် မသက် ဆိုင်ကြောင်း၊ စီမံကိန်းအကြောင်း သိလိုပါက အစိုးရ သတင်းစာ ၀ယ် ဖတ်ကြရန် ပြန်လည် ဖြေကြား သွားခဲ့ကြောင်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရဲမင်းကြီးတို့ ၀န်ထမ်းများနှင့် တွေ့ဆုံနေ ချိန်တွင် ကာကွယ်ရေး ဒု ဦးစီးချုပ် အပါအ၀င် အခြား စစ်တပ်အရာရှိများသည် တပ်တွင်း အထူး အစည်းအဝေး ပြုလုပ် လျက်ရှိကြောင်းသိရသည်။

0 comments: