Sunday, September 18, 2011

စစ်အစိုးရကနေ အပြစ်မဲ့ ရွာသူရွာသားများကို ခေါ်ယူ ညှင်းပန်းနှိပ်စက်နေ

Sunday, September 18, 2011

ဘွမ်ဆဲန် နယ်မြေ (Bumsen ginra)
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် အခြေစိုက် စစ်တပ်ရဲ့ LIR (၃၂၁) က စက်တင်ဘာလ ၁၆ ရက် ၂၀၁၁ နေ့တွင် အင်မောက် မုဒ်လွမ်ကျေးရွာ (N-mawk Muklum) အထက်ဘက်မှာ ရှိတဲ့ ဂွယ် (Goi Kahtawng) ကျေးရွာ မှ ရွာသူရွာသားများကို အပြစ်မရှိ ခေါ်ယူညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ၎င်းကျေးရွာမှ စုံစမ်းသိရှိရပါတယ်။ စစ်အစိုးရရဲ့ LIR (321) စစ်ကြောင်းက ဂွယ် ကျေးရွာတွင် ဝင်ရောက်လာပြီး ရွာသား (၁၂) ဦးကို K.I.A ကို အားပေး ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲကာ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ယင်းရွာမှ မျက်မြင် သက်သေများမှ စုံစမ်းသိရှိရပါတယ်။

ယင်းရွာသား (၁၂) ဦးကို စစ်တပ်အခြေစိုက်တဲ့ ဆန်ဂန် Post  သို့ လမ်းပြဖို့ရန် အတင်းအဓ္ဓမ ခေါ်ဆောင် သွားကြောင်းသိရှိရပါတယ်။ ယခုချိန်ထိ ယင်း (၁၂) ဦးကို ပြန်လွှတ်လိုက်ခြင်း မရှိသေးကြောင်း ရွာသားများမှ သိရှိရပါတယ်။ ယင်းဖမ်းဆီးခေါ်ဆောင်သွားတဲ့ အထဲမှာ အိမ်ထောင်စု တစ်ခုတည်းမှ သားအဖ ပါသွား၍ ကျန်အိမ်သူအိမ်သားများမှာ အလွန်စိတ်သောက ရောက်နေကြောင်း သိရှိရပါတယ်။ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသော ယင်းရွာသား (၁၂) မှာ စက်တင်ဘာလ ၁၈ ရက် မနက် ၁၁း၀၀ နာရီ အချိန်ထိတော့ ပြန်မရောက်ရှိ လာသေးသဖြင့် ကျန်ရှိသော အိမ်သူအိမ်သားများနှင့် ရွာလူကြီးအပါအဝင် ရွာသားအားလုံးမှာလည်း စိုးရိမ်ပူပန်နေကြောင်း ဂွယ်ကျေးရွာ ရွာလူကြီးမှ ပြောကြား လာပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ရွာသား (၁၂) ဦး တို့၏ အမည်စာရင်းများမှာ-

၁။ ဦး ပေါင်ဆန် ဖန်ဝါ ( Pausang Hpang Wa ) အသက် ၆၀
၂။ မောင် ပေါင်ဆန်လနူး (Pausang La Nu) အသက် ၂၀
၃။ ဦး လဘန် လ (Labang La)  အသက် ၆၀
၎။ မောင် လဘန် ဝမ်ဆောက် ( Labang Wan Sawk) အသက် ၂၂
၅။ မောင် ဒရှီ မွန်းအောင် ( Dashi Mun Awng ) အသက် ၁၈
၆။ မောင် ဒရှီ လ (Dashi La) အသက် ၁၅
၇။ မောင် ဂေါ့မော် ဘရန် ဆိုင်း (Gawmaw Brang Seng) အသက် ၂၁
၈။ ဦး မရန် ယော်ထုန် (Maran Yaw Htung) အသက် ၅၅
၉။ ဦး မြစ်ခိုင် (Myit Hkai) အသက် ၄၈
၁၀။ မောင် ဒမောင်ဒီး (Damau Di) အသက် ၁၉
၁၁။ မောင် လထော် အောင်ရာ (Lahtaw Awng Ra) အသက် ၁၇
၁၂။ ဦး လဇိန် နော်ထွယ် (Lazing Naw Htoi) အသက် ၃၂

တို့ဖြစ်ကြကြောင်း စုံစမ်းသိရှိ၍ တင်ပြလိုက်ပါတယ်။

0 comments: