Friday, September 23, 2011

ရှမ်းပြည်နယ်မှ စစ်အာဏာရှင် အစိုးရရဲ့ ရဲတပ်ဖွဲ့များ၏ အခြေအနေ

Friday, September 23, 2011

စည်းလုံးခြင်းသည် အင်အား

ရှမ်းပြည်နယ် K.I.A ထိန်းချုပ်ရာ နယ်မြေ ကျေးရွာများမှ စစ်အာဏာရှင်အစိုးရရဲ့ ရဲတပ်ဖွဲ့ဝင်များမှာ ရဲ စခန်းနှင့် ကျေးရွာ များတွေ မအိပ်ရဲသည့်အတွက် တရုတ်ပြည်နယ်စပ်သို့ ညည ထွက်ပြေး သွားအိပ် နေကြ ရကြောင်း၊ ယင်းတို့ တရုတ်နယ်စပ်သို့ ဝင်လာတဲ့ ရဲများကိုလည်း တရုတ်နယ်စပ် ဂိတ်မှ လူဝင်မှု ကြီးကြပ်ရေး တို့က ပြန်လည် နှင်ထုတ်နေ ရကြောင်း မျက်မြင်များမှ စုံစမ်းသိရှိရပါတယ်။ ထို့ကြောင့် အခုချိန်မှာ စစ်အာဏာရှင် အစိုးရရဲ့ ရှမ်းပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များမှာ လုံခြုံရေးအရ ဒုက္ခများနှင့် ရင်ဆိုင်နေ ရကြောင်း ဆက်လက်စုံစမ်းသိရှိရပါတယ်။


တဆက်တည်းမှာ ဘဲ.. မြန်မာနိုင်ငံ စစ်အစိုးရ အာဏာရှင်များနှင့် K.I.A လွတ်မြောက်ရေး တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွား ခဲ့ရာ အခုချိန်တွင် (၃) လ ကျော်လာပြီ ဖြစ်ပါတယ်။ ဒီ (၃) လ ကျော်အတွင်းက တိုက်ပွဲ များကြောင့် စစ်အစိုးရ ဘက်မှ ထိခိုက် ကျဆုံးမှု များပြားနေ တာကြောင့် စစ်အာဏာရှင် အစိုးရ တို့မှာ ထင်ရာ ကြဲလာနိုင်ကြောင်းလည်း နိုင်ငံရေး လေ့လာ သူများက သုံးသပ်နေ ကြပါတယ်။

ယခုတလော ကြားနေရတဲ့ သတင်းအရဆိုရင် စစ်အာဏာရှင် အစိုးရတို့က K.I.A ကို အောက်လမ်း ဆရာ များခေါ်ကာ အောက်လမ်း နည်းဖြင့်လည်း တိုက်ခိုက်နေကြောင်း အတည် မပြုနိုင်သေးတဲ့ သတင်း အရ စုံစမ်း သိရှိ ရပါတယ်။ အောက်လမ်း ဆရာများ၏ ပြောဆိုချက်အရ သူတို့ အောက်လမ်း ပညာဖြင့် တိုက်ခိုက်ရာ မနိုင်ကြောင်း၊ ယင်း မနိုင်ရခြင်း၏ အကြောင်းရင်းမှာ K.I.A တို့၏ နောက်တွင် ဝတ်ရုံဖြူဝတ်တဲ့ လူတွေ အမြောက်အများ လိုက်ပါနေတာကြောင့် အောက်လမ်း ဆရာများမှာ ခုခံ တိုက်ခိုက်နိုင်ခြင်း မရှိဟု ပြောဆိုနေ ကြပါတယ်။

“ခရစ်ယာန် ကျမ်းစာလာသည့် အတိုင်း သင့်ကို ကျိန်ဆဲသူကို ငါ ကျိန်ဆဲမည်။ သင့်ကို ကောင်းချီးပေးသူကို ငါ ကောင်းချီးပေးမည်” ဟု ဘုရားသခင်က မိန့်မှာ ထားပါတယ်။ ဒါကြောင့် သခင်ခရစ်တော်ကို ယုံကြည် လက်ခံသော သူတို့ကို မတရားသော နည်းလမ်းများဖြင့် ထိခိုက်၊ တိုက်ခိုက်လို့ မရပါဟု ပြောဆိုနေ ကြကြောင်း သိရှိရပါတယ်။

0 comments: