Thursday, September 22, 2011

K.I.A တပ်ရင်း (၉) မှ စစ်အစိုးရရဲ့ အကျဉ်းထောင် တစ်ခု ဝင်တိုက်

Thursday, September 22, 2011

K.I.A ရှမ်းပြည်နယ် အခြေစိုက် တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) တို့က စက်တင်ဘာလ ၂၁ ရက် ၂၀၁၁ နေ့တွင် နယ်မြေလုံခြုံရေး ကင်းလိုက်လှည့်နေရာ နမ်အုမ် (Nam-um) နှင့် ဒီမာ (Dima) ကျေးရွာ အကြားရှိ ရွှေပြည်သစ် မှ စစ်အစိုးရ အကျဉ်းထောင် အစောင့်အကြပ်ဖြစ်တဲ့ ရဲတပ်ဖွဲ့ တို့မှ K.I.A ရဲ့ ကင်းလှည့်အဖွဲ့ကို ပစ်လိုက်ရာကနေ နေ့လည်ပိုင်း ၁း ၀၀ နာရီ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာမှာ မူဆဲ -လားရှိုး ကားလမ်းအနီးမှ နာအုမ် ကျေးရွာကနေ (၈) မိုင် မှာဖြစ်ကြောင်း သိရှိရပါတယ်။ ယင်းအကျဉ်းထောင်ရဲ့ ညာဘက်တွင် စစ်အာဏာရှင် အစိုးရမှ ဖွင့်လစ်ထားသော ဘိန်းဖြတ်ရုံ တစ်ခုလည်း တည်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

K.I.A တပ်ရင်း (၉) ကို စစ်အစိုးရ ရဲတပ်ဖွဲ့တို့မှ အရင်ဦးစွာ ပစ်ခတ်ခဲ့ပြီး K.I.A တို့မှ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ ယင်းရဲတပ်ဖွဲ့များမှာ ထွက်ပြေးသွားကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် ရဲတပ်သားနှင့် စခန်းမှူး အေးသန်း အပါအဝင် (၈) ဦး၊ M-22 လက်နက် (၄) လက်၊ ပစ်စတို (၄) လက် တို့ကိုဖမ်းဆီး၊ သိမ်းဆီးရခဲ့ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ ပြီးနောက် ယင်းထောင်မှ အကျဉ်သား (၅၅) ဦးကိုလည်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် နေ့ ဟုဆိုကာ အားလုံးကို လွတ်ပေး လိုက်ကြောင်း၊ ယင်းအကျဉ်းသား များတွင် ဒီမို ကရေစီလှုပ်ရှား၍ အကျဉ်းကျခံ နေရသူများလည်း ပါရှိကြောင်း စုံစမ်း သိရှိ ရပါတယ်။ ဖမ်းဆီး ရမိသည့် သုံ့ပန်း များကို ကေအိုင်အေမှ ကျင့်သုံးလျက် ရှိသည့် နိုင်ငံတကာ သုံ့ပန်း ဥပဒေနှင့် အညီ   ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ယင်းနယ်မြေမှာ တာဝန်ကျပြီး တာဝန်ကို ထမ်းဆောင်နေတဲ့ စစ်အာဏာရှင် အစိုးရရဲ့ ရဲတပ်ဖွဲ့များမှာ ဖြတ် သွားဖြတ်လာ ပြည်သူလူထုများကို ခြိမ်းခြောက်ခြင်း၊ အတင်း အဓ္ဓမ ငွေများတောင်းခံခြင်း အစရှိသော လူ့အခွင့် အရေးများကို ချိုးဖောက်နေကြ သည်ကိုလည်း စုံစမ်း သိရှိ ရပါတယ်။ K.I.A တို့က ယင်း အကျဉ်းထောင်ကို ဝင်စီး ခဲ့ခြင်းဖြစ်သော်လည်း ယင်းအနီးတွင် ရှိသော ဘိန်းဖြတ်ရုံ ကိုတော့ လုံးဝ ထိခိုက်ခြင်း မပြုခဲ့ကြောင်း သိရှိရပါတယ်။

0 comments: