Wednesday, September 21, 2011

စစ်တပ်ထောင်ထားတဲ့ မိုင်းကြောင့် ရွာသား (၂) ဦးထိခိုက်

Wednesday, September 21, 2011

စက်တင်ဘာလ ၂၁ ရက် ၂၀၁၁ မနက် ၁၀း၁၀ နာရီ ဝန်းကျင်တွင် ကချင်ပြည်နယ် ဖါးကန့်ခရိုင် ဝါ့ရာဇုပ် အနီးရှိ ဂျာထူဇုပ် ကျေးရွာမှ ဦး တန်ဂမ် (Tang Gam) နှင့် ဇနီးဖြစ်သူ ဒေါ် ရွယ်လမ်ဂျာငိုင် (Roi Lam Ja Ngai) အသက် ၂၄ တို့က ဂျာထူဇုပ် အရှေ့ဘက် ကတောလစ် (RC) ဆုတောင်းကုန်း သို့ ဝါး ခုတ်ဖို့ရန် သွားရာ လမ်းတဝက်တွင် စစ်တပ် ခလရ (၂၉၇) မှ ထောင်ထားသော မိုင်းကို နှင်းမိခဲ့ကြောင်း၊ ဇနီးဖြစ်သူ ရွယ်လမ်ဂျာငိုင် မှာ ညာဘက်ခြေထောက် ဒူးအောက်ဘက် ပြတ်သွားပြီး ဘယ်ဘက် ခြေတလုံးတို့ ထိခိုက်ခဲ့ပြီး၊ ခင်ပုန်း ဦးတန်ဂမ်မှာ မှေးစေ့နှင့် မျက်နှာ ထိခိုက်ခဲ့ပြီး ယခုအချိန်မှာ သူတို့နှစ်ဦးကို ကားမိုင်း ဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။ စစ်အာဏာရှင် အစိုးရတို့၏ ထောင်ထားသော မိုင်းများဟာ ရန်သူအတွက်မဟုတ်ဘဲ ပြည်သူ လူထု အတွက်ဖြစ်နေသည်ကို စိတ်မကောင်းစရာ အဖြစ် တွ့မြင်နေ၊ ကြားသိနေရပါတယ်။

0 comments: