Sunday, October 23, 2011

ဆင်လွမ်တောင်ခြေမှာ တိုက်ပွဲဖြစ်နေ

Sunday, October 23, 2011

အောက်တိုဘာလ ၂၃ ရက် ဒီနေ့မနက်ကနေ ယခုချိန်ထိ K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဆင်လွမ်တောင် (Sinlum Bum) ခြေမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ အခြေအနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်။

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် လမ်းပေါ် နမ့်ဆန်ယန်ရွာနှင့် ဂန်ဒေါင်ယန်ရွားကြား အင်ပေါန်ရွာတွင် မနေ့က အောက်တိုဘာလ (၂၂) ရက်တွင် စစ်အစိုးရ စစ်တပ်မှ အမြောက်ကျည်ဆံ အထည့်မှားသောကြောင့် အမြောက်ပေါက်ကွဲ သွားပြီး စစ်သား အမြားအပြား သေဆုံးသွားကြောင်း သတင်း ရရှိပါတယ်။

အောက်တိုဘာ (၂၁) ရက်နေ့ညနေပိုင်း (၇း၃၀) နာရီ အချိန်တွင် မြစ်ကြီးနားမြို့ ဘ၀သစ် ဘိန်းဖြတ် ဆေးရုံနှင့် ကညန ရုံး အနားတွင် စစ်အစိုးရ စစ်သားများမှ ဖြတ်သွားဖြတ်လာ ပြည်သူ (၂၇) ဦးကို ပေါ်တာထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၊ ယင်း အဖမ်း ခံရတဲ့ အထဲမှာ ကျမ်းစာ ကျောင်းသား အချို့လည်း ပါသွား ကြောင်း စုံစမ်း သိရှိရပါတယ်။

ယခုချိန်တွင် စစ်အစိုးရ စစ်တပ်တို့မှ ပြည်သူလူထုကို ညှင်းပန်း နှိပ်စက် နေရာကနေ ခရစ်ယာန် ဓမ္မ ဆရာများကို အဓိက ထားပြီး ဖမ်းဆီး ညှင်းပန်း နှိပ်စက် သွားရန် နေပြည်တော်မှ အမိန့် ရောက်ရှိလာကြောင်း စုံစမ်း သိရှိရပါတယ်။

0 comments: