Wednesday, October 26, 2011

K.I.A တို့မှ (101) နည်းဗျူဟာဖြင့် တိုက်

Wednesday, October 26, 2011

ကချင်ပြည်နယ် နမ်ဆန်ယာန်ကျေးရွာကို စစ်အစိုးရ စစ်တပ်တို့မှ မီးရှို့ဖျက်ဆီးရေစဉ်

အောက်တိုဘာလ ၂၆ ရက်နေ့ K.I.A တပ်မဟာ (၁) လက်အောက်ခံက (101) တပ်တို့မှ မနက် ၈း၀၀ နာရီဝန်းကျင်တွင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ် ကားလမ်းမကြီး ဒရိုခ တံတား စောင့်တဲ့ စစ်အစိုးရ စစ်တပ် ခလရ (၁၃၈) ကို ဝင်ရောက်တိုက်ခိုက် အောင်ပွဲခံခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဘက်မှ K.I.A (101) အဖွဲ့တို့က သိမ်းဆီးရမိတဲ့ စစ်ပစ္စည်းများမှာ …
၁။ Keenwood R/T (၃)
၂။ အသံလွှင့် ဆက်သွယ်စက်ကြီး (၁) လုံး
၃။ သေနတ် (၃) လက်
၎။ ကျည်ဆံ (၁၀၀၀) ကျော်
၅။ စစ်သုံ့ပန်း (၁) ဦး နှင့် စစ်အစိုးရ စစ်တပ်ဘက်မှ (၁) ဦး ထိခိုက်ခဲ့ကြောင်း၊ K.I.A (101) ဘက်တော့ ထိခိုက်မှု မရှိကြောင်း စုံစမ်းသိရှိရပါတယ်။

တဆက်တည်းမှာဘဲ ကချင်ပြည်နယ် မြစ်ကြီးးနား ဗန်းမော်လမ်း ရှိ နမ့်ဆန်ယန် ကျေးရွာတွင် စစ်အစိုးရ စစ်တပ်မှ ပြည်သူများရဲ့ နေအိမ် ၄၊ ၅ လုံးကို ဒီနေ့ညနေ (၈) နာရီခန့်တွင် မီးရှို့ဖျက်ဆီး လိုက်ကြောင်း သတင်းရရှိပါတယ်။

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွား မှုတွေကြောင့် စစ်အစိုးရ စစ်တပ်ဘက်မှ အထိအခိုက် များပြား မှုတွေကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်တပ် ဆေးရုံများတွင် စစ်သား လူနာများ အပြည့် ဆေးကုသ ခံယူနေသဖြင့် အရာရှိများရဲ့ ဇနီးများဟာ မလိဇွပ်ဆေးရုံတွင် မွေးဖွားနေကြရကြောင်း စုံစမ်းသိရှိရပါတယ်။

0 comments: