Friday, October 28, 2011

ကချင် ပြည်နယ် နားလုန်ကျေးရွာ မှာ တိုက်ပွဲဖြစ်ပွားနေ

Friday, October 28, 2011
ကင်းစောင့် တာဝန်ယူ နေတဲ့ Kachin Independence Army

အောက်တိုဘာလ ၂၈ ရက် K.I.A တပ်ရင်းများနှင့် ပြည်သူ့စစ် (MHH) တို့ပူးပေါင်းကာ လိုင်ဇာ အနီးရှိ နားလုန်ကျေးရွာ အနီး အင်တပ်တောင်ခြေသို့ ချီတက်လာတဲ့ စစ်အစိုးရ စစ်ကြောင်းနှင့် ဒီမနက် အစောကြီးကနေ ယခုချိန်ထိ ပြင်းပြင်း ထန်ထန် တိုက်ပွဲဖြစ်ပွားနေကြာင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ အခြေအနေများကို ဆက်လက် စုံစမ်းပြီး တင်ပြသွားပါမယ်။
ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ

တဆက်တည်းမှာဘဲ ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ဒေါ့ဖုန်းယာန် နယ်မြေဖြစ်တဲ့ ဒိန်းဂါးကျေးရွာနှင့် အင်ဒုန် ဒဘန်မှာ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) နှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းကာ စစ်အစိုးရ စစ်တပ် ဒေါ့ဖုန်းယာန် အခြေစိုက် ခလရ (၁၄၂) တို့ အကြား ယခုချိ လောလောလတ်လတ် တိုက်ပွဲပြင်းထန်နေကြောင်း K.I.A ရှေ့တန်း မှ သတင်းရရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့က တိုက်ပွဲဖြစ်ပွားရာသို့ ခန့်မှန်းပြီး ၁၂၀ မမ အမြောက်ကြီးများဖြင့် အဆက်မပြတ် ပစ်တွင်းနေကြောင်း သတင်းရရှိရပါတယ်။ နှစ်ဖက်စလုံးရဲ့ တိုက်ပွဲ အခြေအနေများကို ဆက်လက် စုံစမ်းနေပါတယ်။

0 comments: