Monday, October 24, 2011

စစ်အစိုးရ စစ်တပ်မှ ပေါ်တာ ဆွဲနေ

Monday, October 24, 2011

Kachin Independence Army


ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စစ်အစိုးရ စစ်တပ်မှ တစ်ရပ်ကွက်လျင် အထမ်းသမား (ပေါ်တာ) အယောက် (၂၀) စီ ပေးရန် ရပ်ကွက်လူကြီးများကို ပြောဆိုလာကြောင်း သတင်း ရရှိပါတယ်။ ယခုအခါ ဗန်းမော်မြို့ပေါ်တွင် ပြည်သူလူထုများမှာ  အိမ်ပြင် မထွက်ရဲကြသောကြောင့် တိတ်ဆိတ်ငြိမ်သက်လျက် ရှိကြောင်း မြို့ခံပြည်သူများမှ စုံစမ်း သိရှိရပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၇ နာရီမှ ည ၁၀ နာရီကျော် အထိ လုန်ဂျာကုန်းမှာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ယင်း တိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ (၂၀) ကျော် ကျဆုံးသွားပြီး (၄၀) ကျော် ထိခိုက်ခဲ့ကြောင်း ရှေ့တန်း K.I.A သတင်းများ အရ သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ရဲ့ စစ်ကားတစ်စီးကိုလည်း K.I.A တို့မှ ပစ်ဖောက်ခွဲခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား သိန်ဂျန်အထက်ဘက်ရှိ ဖတ်ကြီး ရှမ်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ (၁၀) ကျော် ကျဆုံးပြီး (၃၀) နီးပါး ထိခိုက် ခဲ့ကြောင်း၊ K.I.A ဘက်မှာတော့ ထိခိုက် ကျဆုံးမှု မရှိကြောင်း စုံစမ်းသိရှိရပါတယ်။



ရှေ့တန်း နယ်မြေမှ K.I.A တပ်မတော်သားများ


0 comments: