Saturday, October 29, 2011

စစ်အစိုး ထောင်ထားသော မိုင်း နင်းမိ

Saturday, October 29, 2011

 တိုက်ပွဲနယ်မြေ တစ်နေရာ

အောက်တိုဘာလ ၂၈ ရက်နေ့ ကချင်ပြည်နယ် မိုးမောက် လွယ်ဂျယ်လမ်း ခ၀မ်ဘန် ကျေးရွာ မှ ဒဂေါ်သွားရာလမ်းဆုံတွင် စစ်အစိုးရ စစ်တပ်မှ ထောင်ထားသော မိုင်းကို နင်းမိ၍ မောင်ဘရန်းဒီမှာ ပွဲချင်းပြီး သေးဆုံးသွားကြောင်းနှင့် မောင်လထော်ဇော်လီမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရာ ယခုချိန်တွင် မိုးမောက် ဆေးရုံမှာ ဆေးကုသ ခံယူနေကြောင်း သတင်းရရှိပါတယ်။

K.I.A ပြည်သူ့စစ် ဝင်တိုက်

K.I.A ဌာနချုပ် လိုင်ဇာ နှင့် မိုင်ဂျာယန် ကြား ဒွမ်ဘွန်း ဒဘန်ရှိ စစ်အစိုးရ စစ်တပ်စခန်းကို K.I.A ဗိုလ်ကြီး နာပါ ဦးဆောင်သော အရပ်ဘက်စစ်သားများမှ မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့ သိမ်းပိုက် လိုက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။


0 comments: