Saturday, October 22, 2011

စစ်အစိုးရ စစ်တပ်တို့မှ တိုက်ပွဲ ဖြစ်ပွားသည့် နေရာများတွင် လူသတ်၊ ဓါးမြတိုက်၊ ရွာမီးရှို့

Saturday, October 22 , 2011


မီးရှိ့ခံနေရသည့် နမ်ဆန်ယန်ကျေးရွာ
စစ်အစိုးရ စစ်တပ်များသည် တိုက်ပွဲဖြစ်ပွား သည့် နေရာ များမှ ကျေးရွာများတွင် ရပ်ရွာပြည်သူ လူထုကို ညှင်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများ လုယူခြင်း များကို ပြုလုပ် လျက် ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ မြစ်ကြီးနားမြို့နယ်၊ မလိဇွပ်ယန်ရွာမှ မရွယ်ဆန့်ရဲ့ ဈေးဆိုင်ရှိ ပစ္စည်းများ ကို စကခ (၃) လက်အောက်ခံ၊ ခလရ (၃၈၆) မှ အကုန်အစင်ကို ယူဆောင်သွားပြီး မရွယ်ဆန့် ထံမှ ငွေသား (၂) သိန်းကိုလည်း ဓမြတိုက် သွားကြောင်း သိရှိရပါတယ်။

အဆိုပါနေ့တွင်ပင် ယင်းရွာမှ ဦးအင်ဒေါင်နော်နှင့် ဦးဒေါင်ဂျယ်တူးတို့ကို ဖမ်းဆီးနိုပ်စက်ခဲ့ပြီး ဦးအင်ဒေါင် နော်ကို ပေါ်တာအဖြစ် ခေါ်ဆောင်သွားရာ ယနေ့ထိ အဆက်အသွယ် မရသေးကြောင်း အိမ်သူ အိမ်သားများမှ သိရှိရပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရေကြည်ကျေးရွာမှ ဦးလွမ်းခေါင် အသက် (၅၀) နှစ်ကို ခမရ (၃၈၄) မှ ပေါ်တာ အဖြစ်လိုက်ရန် ပြောဆိုခဲ့သည်။ ဦးလွမ်းခေါင်မှ ငြင်းဆန်ခဲ့သည့်အတွက် ညင်းပန်းနိပ်စက်ရာမှ ကွယ်လွန် သွားကြောင်း စုံစမ်းသိရှိရပါတယ်။
 မီးရှို ခံရသည်. ဈေးဆိုင်



 ဦးတင်ဝင်း

အောက်တိုဘာလ ၁၈ နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ နမ်ဆန်ယန် ကျေးရွာမှ ဦးတင်ဝင်းအား ကြိုးတုတ်၊ ညင်းပန်းနိုပ်စက်၊ သတ်ဖြတ်ကာ အလောင်းကို မီးရှို့ခဲ့ကြောင်း သိရှိရပါတယ်။ ဦးတင်ဝင်း မတိုင်မီက ရွာသား ဌေးမောင် ဆိုသူကိုလည်း အကြောင်းမဲ့ သတ်ဖြတ် ခဲ့သေးကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်မှ ဒီလိုမျိုး အပြစ်မဲ့ ပြည်သူများကို ညှင်းပန်း နှိပ်စက် သတ်ဖြတ် နေမှုဟာ အင်မတန်မှ ညစ်ပတ် တဲ့ လုပ်ရပ်များ ဖြစ်ပါတယ်။ စစ်သား အချင်းချင်း သာ တိုက်ခိုင် သင့်ပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့တွင် နမ်ဆန်ယန်ကျေးရွာ၊ ရပ်ကွက် (၃) မှာ နေထိုင်သူ  ဦးဂျန်ခမ်းနော် အသက် ၇၂ နှစ်သည် မိမိ နေအိမ်ခြံဝင်းကာ နေချိန်တွင် မြန်မာအစိုး ရစစ်တပ်မှ တပ်ကြပ်တဦး၊ တပ်သားနှစ်ဦးရောက် လာပြီး သေနတ်နှင့် ပစ်ခတ်ခဲ့သည်။ ယင်းသို့ ပစ်ခတ်မှု ကြောင့် ဦးဂျန်ခမ်းနော်၏ လက်၊ ပေါင်ခြံတို့တွင် သေနတ် ဒဏ်ရာရရှိသွားပြီး ဒဏ်ရာနှင့်လဲနေသည့် ဦးဂျန်ခမ်းနော်ကို သေပြီအထင်နှင့် ပစ်ထားခဲ့သည်။ ယင်းကဲ့သို့ ပစ်ခံရသူ ဦးဂျန်ခမ်းနော်သည် လက်ရှိတွင် လိုင်ဇာမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။


တိုက်ပွဲ ဖြစ်ပွားသည့် နေရာများသည် နမ်ဆန်ယန်ကျေးရွာနှင့် အတော်လှမ်းသည့် နေရာများတွင် သာဖြစ်သော်လည်း ရွာထဲရှိ နေအိမ်များကို မြန်မာအစိုးရ စစ်တပ်မှ အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး နေကြောင်းလည်း သိရသည်။

အောက်တိုဘာလ ၁၉ နေ့တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ် အနီး အောက်ချိုင့်ကျေးရွာမှ ဦးတင်ထွန်း ကိုလည်း သတ်ဖြတ်လိုက်ကြောင်း သိရှိရပါတယ်။ ဦးတင်ထွန်းကို သတ်ဖြတ် လိုက်သည့်   အောက်ချိုင့် ရွာအနီးတွင် ခမရ (၆၀၁)၊ ခလရ (၅၆) တို့ နေရာယူ တပ်စွဲထားကြောင်း စုံစမ်း သိရှိရပါတယ်။






0 comments: