Thursday, October 27, 2011

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွား

Thursday, October 27, 2011
ရှေ့တန်း နယ်မြေမှ K.I.A စစ်သည်တော်များ

K.I.A တပ်ရင်း (၃) နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် ဂါးရာယာန် လုန်ဇဲပ် ကုန်းနှင့် ဂန်ဒေါင်ယာန်အနီး ရှိ ဆိုင်းမိုင်ကျေးရွာများတွင် K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ K.I.A ဌာနချုပ် လိုင်ဇာအနီး K.I.A တပ်ရင်း (၂၄) နယ်မြေဖြစ်တဲ့ အင်ဒုန်ဒဘန် သို့ ရိက္ခာလာပို့တဲ့ စစ်အစိုးရ စစ်ကြောင်းကို K.I.A တပ်ရင်းများနှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်း ပြီး တိုက်ခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်စလုံးရဲ့ အခြေအနေများကို ဆက်လက်စုံစမ်း ဆဲပါ။
အောက်တိုဘာလ ၂၇ ရက် ကချင်ပြည်နယ် ဂလာန်ဂျာပါ မှာ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား (၃) ရက်မြောက်သော တိုက်ပွဲကို ဆက်လက် ဆင်နွဲနေကြောင်း စုံစမ်း သိရှိရပါတယ်။

K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား ဗန်းမော် လော်ဒန်ကရုန် မှာ ဖြင်ပွားခဲ့တဲ့ တိုက်ပွဲတွင် စစ်အစိုးရ စစ်တပ် ခမရ (၆၀၁) ရဲ့ တပ်ရင်းမှူး အပါအဝင် ဒု တပ်ရင်းမှူး၊ တပ်ကြပ်ကြီး နှင့် စစ်သားများ (၃၀) ကျော် ထိခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

တရုတ်ပြည်မှ ကချင်များ စစ်ပြေးဒုက္ခသည်များကို ကူညီ

ကချင်ပြည်နယ် K.I.A ဌာနချုပ် လိုင်ဇာ အနီးရှိ ဂျေယာန်ခ စစ်ပြေးဒုက္ခသည် စခန်းကြီးကို တရုတ်နိုင်ငံ ယင်ဂျန်းမြို့မှ ကချင်ပြည်သူပြည်သားများက ကချင် စစ်ပြေးဒုက္ခသည်များကို လာရောက် ကြည့်ရှုအားပေး သွားပြီး ဆန် (၂၀၀) အိတ်ကိုလည်း လာရောက် ကူညီ ပေးအပ်သွားခဲ့ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။



0 comments: