Wednesday, October 26, 2011

စစ်အစိုးရ စစ်တပ် စစ်ကြောင်း ဗန်းမော်ဆိပ်ကမ်းမှာ ရောက်

Wednesday, October 26, 2011

Kachin Independence Army

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.O/K.I.A ကို တိုက်ခိုက်သိမ်းပိုက်ရန်အတွက် စစ်အစိုးရ စစ်တပ် အောက်ပိုင်းမှ စစ်အင်အား အလုံးအရင်းဖြင့် အောက်တိုဘာလ ၂၅ ရက် ညနေပိုင်း (၅) နာရီ မှာ ဗန်းမော် သင်္ဘော ဆိပ်ကမ်းတွင် ရောက်ရှိခဲ့ပြီး ၎င်းစစ်သားများကို စစ်ကားကြီး (၈) စီးဖြင့် လာရောက် တင်ဆောင်သွားကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။ K.I.O/K.I.A ကို အမြှစ်ပျက် တိုက်ရန် အတွက် ယခုချိန်တွင် စစ်တိုက်လေယာဉ် (၁၀) စီလည်းဘဲ အဆင်သင့် ပြင်ဆင်ထားကြောင်း စစ်ဘက် နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။

လော်ဒန်ကရုန်မှာ တိုက်ပွဲဖြစ်

အောက်တိုဘာလ ၂၅ ရက် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား အင်မောက် လွယ်ဂျေ သွားရာလမ်း ခဝန်ဘန် အထက် လော်ဒန်ကရုန်မှာ မနက်ပိုင်း ၁၀ နာရီကနေ ညနေပိုင်း ၄ နာရီကျော်အထိ တိုက်ပွဲပြင်းထန်စွားဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ နှစ်ဘက်စလုံးမှ ထိခိုက်ကျဆုံးမှုကို မသိရသေးပါ။ စစ်အစိုးရ စစ်တပ်တို့က ခဝန်ဘန်ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းကုန်းပေါ်မှာ ၁၂၀ မမ အမြောက်များကို နေရာချလျက် K.I.A ရှေ့တန်း နယ်မြေများသို့ အဆက်မပျက် နောက်တန်းကနေ ပစ်ကူနေကြောင်း စုံစမ်း သိရှိရပါတယ်။ ဘုရားကျောင်း သစ်တက်ပွဲတောင် မပြုလုပ်ရသေးတဲ့ ခဝန်ဘန် ဘုရားကျောင်းမှာ စစ်အစိုးရ စစ်တပ်တို့မှ စိတ်ကြိုက် နေရာချ စခန်းချပြီး မွှေနှောက် အသုံးပြုနေကြောင်း သိရှိရပါတယ်။

0 comments: