Thursday, October 27, 2011

ခလရ (၄၇) တပ်ရင်းမှူးကို ထောင်ချခံထားရ

Thursday, October 27, 2011
စစ်အစိုးရ စစ်ကြောင်း

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ တို့အကြား ဗန်းမော်ဇုံနယ် လော်ဒန်ကရုန်မှာ စစ်အစိုးရ စစ်တပ်ဖြစ်တဲ့ ဗန်းမော်အခြေစိုက် ခလရ (၄၇) တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်တို့မှ အကျ အဆုံးနှင့် ထိခိုက်မှုများပြား သဖြင့် အထက်မှ အမိန့်ကို ဖီဆန်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရှေ့တန်းနယ်မြေမှ နောက်ဆုတ်သွား ခဲ့ကြောင်း၊ ယင်းနောက်ဆုတ်သွားမှုကြောင်း တပ်ရင်းမှူးနှင့် ဗိုလ် (၃) ဦးတို့ကို ယခုချိန်တွင် စစ်အစိုးရ စစ်တပ်မှ အကျဉ်းထောင်တွင် အကျဉ်း ချထားကြောင်း စုံစမ်း သိရှိရပါတယ်။

ဂလာန်ဂျာပါမှာ တိုက်ပွဲဖြစ်
 K.I.A ရှေ့တန်းနယ်မြေတစ်နေရာ

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် ဂလာန်ဂျာပါသို့ မလိခမြစ်မှ ချီတက်လာတဲ့ စစ်အစိုးရ စစ်ကြောင်း တစ်ကြောင်းကို K.I.A တပ်ရင်းများက ဝင်ရောက် ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း၊ နှစ်ဘက်စလုံးမှ ထိခိုက်ကျဆုံးမှု အခြေအနေများကို ဆက်လက်စုံစမ်းဆဲပါ။

စစ်အစိုးရ စစ်တပ်မှ ဆိုင်းမိုင် (Seng Mai) ရွာသားများကို ညှင်းပန်းနှိပ်စက်နေ

မြစ်ကြီးနား ဗန်းမော် ကားလမ်းမကြီး အကြားမှာရှိတဲ့ နမ်ဆန်ယာန်ကျေးရွာမှ စစ်အစိုးရ စစ်တပ် ခလရ (၁၂၁) နှင့် (၃၄၈) ပူးပေါင်းတပ်များဟာ နမ်ဆန်ယာန်ကျေးရွာမှ တပ်နောက်ဆုတ်သွားခဲ့ပြီး ဖြစ်ရာ ယခုချိန်တွင် ဂန်ဒေါင်ယာန် အနောက်ဘက် (၁၀) ကျော်တွင် ရှိတဲ့ ဆိုင်းမိုင်ကျေးရွာတွင် ရောက်ရှိလာပြီး ရွာသားများကို ညှင်းပန်းနှိပ်စက်ခြင်းများပြုလုပ်ကာ ရွာသားများရဲ့ ပစ္စည်းများကိုလည်း စိတ်ကြိုက် ဓမြတိုက် အသုံးပြုနေကြောင်း၊ ရွာသားများကိုလည်း ထင်ရာကြေး သေနတ်ဖြင့် လိုက်လံပစ်ခတ်နေကြောင်း၊ ဒီလို စစ်အစိုးရ စစ်တပ်တို့မှ ထင်ရာစိုင်း အပြစ်မဲ့ ပြည်သူများကို ပစ်သတ်နေမှုကြောင့် ယင်းရွာသားများမှ ကိုယ်လွတ်ရုံးကာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ယင်းထွက်ပြေးရာတွင် ဦး ဆွမ်းလွတ်တူးနှင့် သူ့ရဲ့ ဇနီးလည်းပါဝင်ထွက်ပြေးခဲ့ရာ ဇနီးဖြစ်သူမှာ မပြေးနိုင်တော့သဖြင့် ချန်လျစ်ထားခဲ့ရကြောင်း ဦးဆွမ်းလွတ်တူးမှ ပြေားကြားလာပါတယ်။ ဒီလိုအပြစ်မဲ့ ပစ်သတ်နေမှုကို အထက်အရာရှိ စစ်ဗျူဟာမှူးရဲ့ အမိန့်အရ တွေ့မြင်သူများ အားလုံးကို ပစ်သတ်နိုင်ကြောင်း (Free-Fire-Authority) ပေးထားကြောင်း စုံစမ်း သိရှိရပါတယ်။ ထို့ကြောင့် ကျေးရွာမှာ နေထိုင်ကြကုန်သော ပြည်သူများ ယခုအချိန်တွင် အချိန်ပြည့် သတိဝိရိယနှင့် အမြဲကိုယ့်အသက်ကို စောင့်ထိန်းဖို့ရန် လုံခြုံသောနေရာများတွင် ထွက်ပြေးနိုင်ရန် လိုအပ် ပါတယ်။



0 comments: