Friday, October 28, 2011

ကချင်ပြည်နယ် လုန်ဇဲပ် တိုက်ပွဲ အခြေအနေ

Friday, October 28, 2011

 ပုံကို ကြည့်ပြီး တွေ့ရင်တော့ ခံစားလို့ ရမှာပါ...

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် ကားလမ်းပိုင်း လုံဇဲပ်တောင်တွင် K.I.A  တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြား လာမှုကြောင့် စစ်အစိုးရ စစ်တပ်မှာ ယနေ့တွင် တပ်ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဤ စစ်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ စစ်သား (၂၀) ခန့် ကျရှုံးပြီး (၆၀) ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

ထို့အတူ ဗန်းမော် လွယ်ဂျယ် လမ်းပိုင်း ကျောက်စခန်း တိုက်ပွဲတွင်လည်း စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များလာ၍ ယခုအခါ စစ်အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင်မှုကို ရပ်ဆိုင်း ထားကြောင်း K.I.A ရှေ့တန်း မှ သတင်း ရရှိပါတယ်။

0 comments: