Tuesday, October 25, 2011

K.I.O နေ့ ပြုလုပ်ကျင်းပ

Tuesday, October 25, 2011

K.I.A

အောက်တိုဘာလ ၂၅ ရက်နေ့ တွင် K.I.O နေ့ အဖြစ် လိုင်ဇာ မုဒ်လွမ် အထက်တန်းကျောင်းနှင့် ဝွယ်ကြိုင် (Woi Chyai) ဆေးပေးခန်းများမှာ ပြုလုပ် ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။ လိုင်ဇာ အထက် တန်းကျောင်းတွင် ဒီမနက် ၁၀ နာရီကနေ ၁၁း၃၀ နာရီ အထိ အစီအစဉ်များကို ပြုလုပ်ကျင်းပ ခဲ့ရာ K.I.O/K.I.A အရာရှိများ စုံစုံညီညီ တက်ရောက်ခဲ့ကြောင်း၊ လူအင်အား (၃၀၀) ကျော် လာရောက် ပါဝင်ကျင်းပ သွားကြောင်း စုံစမ်း သိရှိရပါတယ်။

အလားတူဘဲ K.I.A ဌာနချုပ်ဟောင်းဖြစ်တဲ့ ပါဂျောင်တောင်မှာလည်း K.I.O နေ့ကို ပြုလုပ်ကျင်းပခဲ့ ကြောင်း၊ ယင်းအထိမ်း အမှတ်နေ့တွင် ပြည်သူ လူထုနှင့် K.I.O/K.I.A အရာရှိများ စုစုပေါင်း (၁၆၉) ဦး လာရောက် ပါဝင်ကျင်းပ ပြုလုပ်ကြောင်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်တို့မှ K.I.A ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန်အတွက် ရည်ရွယ်ပြီး မနေ့ညမှာဘဲ ကချင်ပြည်နယ် ဂါးရာယာန် အနီးရှိ လုန်ကောင် လိမ်မော်သီးခြံ များတွင် စစ်အင်အား အလုံး အရင်းဖြင့် ရောက်ရှိနေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့က ကားလမ်းမကြီးလို မဟုတ်ဘဲ ဒဘတ်ချောင်း ဘက်ကလည်း ချီတက်သွားခဲ့ကြောင်း ယခုချိန်တွင် စစ်အစိုးရ စစ်တပ် စစ်ကြောင်းများအားလုံးမှာ လိုင်ဇာ ဌာနချုပ်ဘက်သို့ ဦးတည် ချီတက်သွားနေကြောင်း စုံစမ်း သိရှိရပါတယ်။ မနေ့ညကလည်း K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဂါးရာယာန် အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

0 comments: