Monday, September 12, 2011

K.I.A ရဲ့ စစ်ဌာနချုပ်ဟောင်းတွင် လေကြောင်းသံကြား

ဒီနေ့ စက်တင်ဘာလ (၁၂) နေ့ မနက် (၁၁) နာရီ ဝန်းကျင်တွင် ကချင်ပြည်နယ် နုမ်လန်ကျေးရွာ (Num Lang ) တွင် K.I.A ပြည်သူ့တပ်ဖွဲ့ဖြစ်တဲ့ (MHH) နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများမှ သိရှိရပါတယ်။ အခြေအနေ ကို ဆက်လက်စုံစမ်းလျက်ပါ။
 K.I.A မျိုးချစ်ခေါင်းဆောင်းများ

တဆက်တည်းမှာဘဲ စက်တင်ဘာလ (၁၁) ရက် ၂၀၁၁ နေ့လည် ၁၂း ၃၀ နာရီ ဝန်းကျင်တွင် K.I.A ရဲ့ ဌာနချုပ်ဟောင်းဖြစ်တဲ့ ပါဂျောင် နဖော့ ( Pa Jau Na Hpaw) တွင် အခြေချထားတဲ့ စစ်တပ်မှ စစ်သားများကို စစ်အစိုးရတို့က ရဟတ်ယာဉ် ( Helicoptar ) ဖြင့် ဆန်၊ ဆီ၊ ဆား ၊ စသည့် စစ်ရိက္ခာများကို ပို့ပေးခဲ့ကြောင်း K.I.A နှင့် နီးစပ်သူမှ သတင်းပေး ပို့လာပါတယ်။ ဒီလို စစ်အစိုးရဘက်က ရဟတ်ယာဉ်ဖြင့် စစ် ရိက္ခာတွေ ပို့ပေးရခြင်း၏ အကြောင်းရင်းမှာ သူတို့မြေပြင်ဖြင့် ရိက္ခာပို့တဲ့အချိန်မှာ K.I.A Sniper တပ်ဖွဲ့များက လမ်းမှာ ဝင်တိုက်၊ ဖြတ်တောက်လေ့ရှိကြောင်း၊ စစ်တပ်တို့ဟာ ရိက္ခာများကို ပါဂျောင် နဖော့ တောင်ကနေ ဆင်းပြီး သွားသယ်ယူရလေ့ရှိကြောင်း၊ ယင်းရိက္ခာသွားသယ်တဲ့လမ်းမှာ K.I.A Sniper တပ်ဖွဲ့က ဖြိုခွဲလေ့ရှိ၍ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

စစ်အစိုးရဟာ တဖြည်းဖြည်းနဲ့ လေကြောင်းကို အသုံးပြုလာမလား ဆိုတာကို နိုင်ငံရေးလေ့လာသူများက သုံးသပ်ကာ K.I.A ကိုလည်း သတိမလစ်ဖို့ ပြောနေကြပါတယ်။ စစ်အစိုးရရဲ့ ကလိမ်ကျစ်မှုထဲမှာ မပါးသွားဖို့ရာ K.I.A နှင့် ကချင်ပြည်သူပြည်သား အားလုံးဟာ အလွန် အရေးကြီးနေပါတယ်။ ကလေး လူကြီးမရွေး သော ကချင်ပြည်သူပြည်သားများ စည်းလုံးညီညွတ်ဖို့ရာ အင်မတန် အရေး ကြီးနေပါတယ်။ စစ်အစိုးရရဲ့ လုပ်ကြံ သတင်းတွေကို မယုံမှားဖို့ နှင့် အမှားအမှန်ကို ကိုယ်ကိုယ်တိုင် ဝေခွဲရန်လိုအပ်ပါတယ်။


0 comments: