Thursday, September 15, 2011

စစ်တပ်နှင့် K.I.A တို့ အကြားဆက်လက်တိုက်ပွဲဖြစ်ပွား

Thursday, September 15,2011

ရှေ့တန်းနယ်မြေမှ K.I.A မျိုးချစ်စစ်သည်တော်များ

စက်တင်ဘာလ ၁၄ ရက် ၂၀၁၁ နေ့လည် ၁း၃၀ နာရီကနေ ၂း၀၀ နာရီ ကျော်အထိ စစ်တပ်၏ MOC စကခ (၂၁) လက်အောက်ခံ ဗမော် (မန်မော်) အခြေစိုက် LIB ခလရ (၄၇) နှင့် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း နီးစပ် သူများက သတင်း ပေးပို့ လာပါတယ်။ စစ်တပ်၏ LIB (၄၇) မှ အင်အား (၁၀၀) ကျော်က မန်ဂျေ မုဒ်လုမ် (Manje Muklum) နယ်မြေတွင် ဝင်ရောက် လာချိန်မှာ K.I.A တပ်ရင်း (၁) တို့က မန်ဂျေ မုဒ်လုမ် အနီးက ရွာသစ်ကုန်း တဝိုက်တွင် ဝင်ရောက် တိုက်ခိုက် ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး (၂) ကျဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

တဆက် တည်းမှာဘဲ စက်တင်ဘာလ ၁၄ ရက် ၂၀၁၁ မနက် ၁၁း၃၀ နာရီဝန်းကျင်တွင် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၈) နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနား လိုင်ဇာ ကားလမ်း နမ်ဆန်ယာန် ကျေးရွာအနီး ၊ ခါလာ(Hkala) တောင်ကုန်းတွင် စစ်တပ်၏ MOC စကခ (၂၁) လက်အောက်ခံ လိုင်ဇာ ဗန်မော် ကားလမ်း နုမ်လာန် အခြေစိုက် LIR ခမရ (၄၃၈) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာ ရရှိမှု များပြားပြီး ပြင်ထန်ကြောင်း နီးစပ်သူများမှ သတင်း စုံစမ်း သိရှိရပါတယ်။

အခုချိန်မှာ နေရာ အနံ့အပြားတွင် စစ်အစိုးရနှင့် ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲများပြင်း ထန်လျက် ရှိကြောင်းကို သိရှိနေ ရပါတယ်။ စစ်တပ်ဘကမှ လည်းနေရာ အနံ့ အပြားတွင် စစ်ရေး လှုပ်ရှားမှု များဟာ ပိုမို များပြားလာကြောင်း K.I.A အရာရှိများထံမှ စုံစမ်း သိရှိ ရပါတယ်။

မှတ်ချက်။
 MOC= Military Operations Command, LIB=Light Infantry Battalion,
LIR= Light Infantry Regiment


0 comments: