Saturday, September 17, 2011

စစ်တပ်တို့မှ ရွာမီးရှို့

Saturday, September  17, 2011
 စစ်တပ်မှ သိမ်းဆည်းရရှိသော လက်နက်
စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲမှာ စစ်တပ်ဘက်မှ အကျ အဆုံးများ၍ စစ်တပ်တို့ တပ်ဆုတ်သွားကြောင်း သတင်းရရှိပါတယ်။ စစ်တပ်တို့ နောက်ဆုတ်သွားရာတွင် စစ်တပ်တို့မှ နမ်ဆန်ယာန် ကျေးရွာမှ အိမ် အလုံး (၂၀) ကို လည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်း ရွာခံများမှ သတင်း စုံစမ်း သိရှိရပါတယ်။ အခုချန်မှာ အိမ်မီးရှို့ခံရသော ရွာသားများမှာ ဆင်းရဲ ဒုက္ခရောက်နေ ကြကြောင်း သိရှိရပါတယ်။ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သားများ (၂၀) ဦး ကိုလည်း K.I.A တို့က အရှင်ဖမ်းဆီးမိထားကြောင်း K.I.A အရာရှိများ ထံမှ ဆက်လက်စုံစမ်းသိရှိရပါတယ်။ လက်နက် မျိုးစုံနှင့် ကျည်ဆံများကိုလည်း သိမ်းဆည်း ရရှိကြောင်း သိရရှိရပါတယ်။

0 comments: