Saturday, September 17, 2011

စစ်အစိုးရရဲ့ လုပ်ရပ်ကြောင့် ပြည်သူများ ဆင်းရဲ ဒုက္ခနှင့် ကြုံရ

Saturday, September 17, 2011
 
 နမ်ဆန်ယာန်ကျေးရွာမှ စစ်ပြေးဒုက္ခသည်များ
 
စစ်အစိုးရနှင့် K.I.A တို့အကြား တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသွား ပြည်သူပြည်သားများကို K.I.A ဘက်မှ အောင်ဂျယာန်ကျေးရွာမှာ ရပ်ဆိုင်းခိုင်းထားကြောင်း သိရှိရပါတယ်။ ယင်းကျေးရွာ တွင် စက်တင်ဘာ ၁၆ ရက် ၂၀၁၁ ညနေပိုင်း ၄း၃၅ နာရီ ဝန်းကျင်တွင် စစ်တပ်ဘက်မှ အမြောက်ကြီးပစ် ခတ်ခဲ့ရာ ခရီးသွားပြည်သူပြည်သား (၃) ဦး ထိခိုက်ခဲ့ပြီး မော်တော်ကား တစ်စီးလည်း ပျက်စီးသွားကြောင်း ယင်းကျေးရွာမှ သတင်းစုံစမ်းသိရှိရပါတယ်။ ဒီထက်မကဘဲ စစ်တပ်တို့က အကျအဆုံးများမှုကို မကျေနပ်ကာ နမ်ဆန်ယာန်ကျေးရွာမှ ပြည်သူ့ဈေးတန်းနှင့် အိမ်တချို့ကိုလည်း ညနေပိုင်း ၆း ၄၅ နာရီ ဝန်းကျင်မှာ မီးရှို့ဖျက်ဆီးနေကြောင်း မျက်မြင်များမှ သိရှိရပါတယ်။ အဲ့ဒီ လူမဆန်သော စစ်အစိုးရရဲ့ လုပ်ရပ်တွေကြောင်း ၎င်း ရွာသူရွာသားမျာက ကိုယ်တနိုင် ပစ္စည်းများကို သာသယ်ယူကာ K.I.A ထိန်းချုပ်ရာ လိုင်ဇာ သို့ ထွက်ခွာပြောင်းရွှေ့နေကြကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) က တာခေါ ရေအားလျှပ်စစ်အနီးမှာ တပ်စွဲထားတဲ့ စစ်တပ်မှ စစ်သား (၁) ဦးကို စက်တင်ဘာလ ၁၆ ရက် ညနေပိုင်း ၄း၁၇ နာရီ ဝန်းကျင်တွင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု လည်းရှိကြောင်း သတင်းစုံစမ်းသိရှိရပါတယ်။

0 comments: