Tuesday, September 13, 2011

ရွှေလီမြစ်အနောက်ဘက် မြန်မာစစ်တပ်နှင့်ပစ်ခတ်မှုတွင် KIA တစ်ဦး ကျ

Tuesday, 13 September 2011

ရှေ့တန်းနယ်မြေတနေရာမှ K.I.A စစ်သား

ကချင်ပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ် နယ်စပ်တွင် စက်တင်ဘာ ၈ ရက် ၂၀၁၁၊ ကြာသပတေးနေ့က ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ KIA စစ်သား ၁ ဦး ကျဆုံးကြောင်း အထက် KIA အရာရှိများ မှ အတည်ပြုပြောဆိုသည်။

KIA တပ်ရင်း ၂၇ နှင့် မြန်မာစစ်တပ် ခလရ (၁၄၄) တပ်သားများအကြား အင်မောက်ခ (ရွှေလီမြစ်) အနောက်ဘက်၊ ပန်ခါဒေသတွင် နံနက် (၉) နာရီမှ ညနေပိုင်း (၃) နာရီအထိ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် ယင်းတိုက်ပွဲတွင် KIA စစ်သား ကျဆုံးခဲ့သည်ဟု ဒေသခံများပြောသည်။

အစိုးရစစ်တပ်ဘက်မှ ထိခိုက် သေကြေဒဏ်ရာရရှိမှု ရှိမရှို မသိရပေ။

ခလရ (၁၄၄) သည် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံဖြစ်ကာ ယခု ရွှေလီရေအားလျှပ်စစ် စက်ရုံ လုံခြုံရေး တာဝန်ယူနေသည့် မာန်ဓါတ်အခြေစိုက် နယ်မြေခံ တပ်ရင်းဖြစ်သည်။

0 comments: