Saturday, September 17, 2011

K.I.A စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် ရဲ့ စစ်ပွဲမိန့်ခွန်း

Saturday, September 17, 2011 (အသံ Video ကို ညာ ဘက်မှာ တင်ပြထားပါတယ် )

K.I.A စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်

ရှေးဦးစွာ အခုလို နေ့ကောင်း အချိန်ကောင်းကို ပြင်ဆင်ပေးသော အသက်ရှင်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ကြွရောက်လာတဲ့ မျိုးချစ်ခေါင်းဆောင်များကိုလည်း လိုက်လဲစွာကြိုဆိုပါတယ်။

ဒီနေ့ K.I.A ရဲ့ အောင်ပွဲပန်းတိုင်ကို ရရှိဖို့ တိုက်ပွဲဝင်လာတာ ၃ လ ကျော်သွားပါပြီ။

ဘာဖြစ်လို့ကျနော်တို့ ဒီစစ်ပွဲကို ဆင်နွှဲနေရတယ်၊ ရှေ့လျှောက်ပြီး ဘယ်လိုပန်းတိုင်မျိုးကို သွားရမယ် ဆိုတာကို K.I.A ဌာနချုပ် ကော်မတီကနေ ၂ လ ၃ လ ကျော်အထိ ဆွေးနွေးလာခဲ့ရာ အခုချိန် မှာတော့ ပြည်သူပြည်သားများကို ပြောပြရမယ့် အချိန်ရောက်ပြီဖြစ်လို့ ဌာနချုပ်ကနေ စစ်ပြေး ဒုက္ခသည်တွေကိုလည်း သူ့နေရာနှင့်သူ၊ မြို့၊ ကျေးရွာတွေမှာလည်း ဌာနချုပ်မှ အကြီး အကဲတွေ ကိုယ်တိုင် သွားပြီး စစ်ပွဲဖြစ်ရတဲ့အကြောင်းတွေ၊ ရှေ့လျှောက်သွားမယ့် ပန်းတိုင်ကို ပြည် သူပြည် သားများ နားလည်သဘောပေါက်အောင် လုပ်ဆောင်နေပါတယ်။

တချို့ ဌာနချုပ်ကနေ သွားလို့မဖြစ်တဲ့ နေရာတွေမှာတော့ VCD, VIDEO, REDIO စသည်တို့ဖြင့် ဖြန့်ချီ သွားမှာ ဖြစ်တယ်။

ကျနော်တို့ အလုပ်တခုကို လုပ်ဆောင်ရာတွင် အလုပ်ရဲ့ အခြေခံနှင့် ပန်းတိုင်ကို မသိပါက လုပ်ဆောင်ဖို့ရာ မဖြစ်သလို၊ စိတ်အားတက်ကြွဖို့လည်း ခက်ခဲတယ်။

ပြီးတော့ ပန်းတိုင်မရှိပါက ရှေ့လျှောက်ဖို့ရာ ခက်ခဲပါတယ်။

ဒါကြောင့် ကျနော်တို့ရဲ့ ပန်းတိုင်ဟာ ဘာလဲ.. ဘယ်လိုလျှောက်လှမ်းခဲ့ပြီလဲ.. ဘယ်လို ရှေ့လျှောက် ရအုံးမလဲ..ဆိုတာကို ဒီနေ့ တင်ပြသွားမှာဖြစ်တယ်။

တို့ဖြစ်ရာ လွန်ခဲ့တဲ့ ဇွန်လ ၉ ရက် ၂၀၁၁ နေ့ကနေပြီး စစ်အစိုးရမှ အပြစ်မဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်။

K.I.A တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ တာခေါတောင် ဘွမ်ဆဲန် (Bumsen) Post နှင့် ဆန်ဂန် လိုင်စင် ဆက်ဆံရေးရုံးကို ဝင်ရောက်တိုက်ခိုက်ရာကနေ စတင်လာခြင်းဖြစ်တယ်။

K.I.A ဘက်မှ ၄ ရက် အထိစောင့်ဆိုင်းခဲ့ပါတယ်။

စစ်အစိုးရဘက်ကနေ ဘာမှ ပြန်ဆက်သွယ်လာခြင်းမရှိ၊ K.I.A ကို အရေးမယူဘဲ ဆက်သွယ်လာခြင်း မရှိခဲ့သဖြင့်၊ ၉ ရက် နေ့ ကနေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအထိ K.I.A ဘက်က စောင့်ဆိုင်းခဲ့ပါတယ်။
ဒီလိုနဲ့ K.I.A တပ်ရင်း ၁၅ ကို စစ်တပ်ဘက်မှ အင်အားသုံးပြီး ဝင်ရောက်တိုက်ခိုက် နေတာကို ကျနော်တို့ဘက်က ဒီအတိုင်း ကြည့်နေလို့မဖြစ်ပါ၊ ဒါကြောင်း သည်းခံတယ်ဆိုတာလည်း အတိုင်းအတာ တခုဘဲရှိတယ်၊ အဲ့လိုမဟုတ်ရင်တော့ လက်နက်ချလိုက်တာနဲ့ အတူတူဘဲ.. ၃၊ ၄ ရက်အထိ သည်းခံခဲ့ပြီးနောက် ၊ K.I.A ဌာနချုပ်ကနေ တရားဝင် စာရေးပြီး တိုင်းမှူးကို ပို့ခဲ့တယ်၊ ဒီနေ့ ၁၃ ရက် နေ့လည် ၁၂ နာရီအထိ K.I.A ဘက်ကနေ သည်းခံခဲ့တယ်၊ စစ်တပ်ကနေ ဒီလိုသာလုပ်နေမယ် ဆိုရင်တော့ K.I.A ကနေ ဒီစစ်ပွဲကို တနိုင်ငံလုံးပြန့်နံ့သွားအောင် စတင်တော့မှာ ဖြစ်တယ်၊ စစ်တပ်ကနေ သတ္တိရှိလား.. ရှိရင်တော့ စလိုက်တော့မယ်၊ K.I.A က တော့ မာမာဘဲ၊ “ကလေးတွေတောင် မင်းမိုက်ရင် ငါက အမိုက်ဆုံးပေါ့” လို့သိကြတယ် ၊ ကျနော်တို့ ကချင် ဘိုးဘေးတွေခေတ်ကလည်း ဘယ်အချိန်ကမှ လက်နက်ချတယ်၊ အညံ့ခံတယ်ဆိုတာ မရှိခဲ့ဘူး၊ ဘယ်စစ်ပွဲမှာ မှ လက်နက်ချ၊ အပ် ပြီး နွားလှည်းစီးပြီး ထွက်ပြေးတယ်ဆိုတာ မရှိခဲ့ဘူး၊ ကျနော်တို့ ကချင်တွေလည်း ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် နှင့် စစ်ပွဲအများအပြား ပါဝင်ဆင်နွှဲခဲ့တယ်၊ ဒီလို ရဲစွမ်းသတ္တိရှိတဲ့ ကချင်ဘိုးဘေးတွေရဲ့ မျိုးဆက်တွေဖြစ်ရာ လက်နက်ချတယ်ဆိုတာ ရာဇဝင်မရှိရပါ။
ပြီးတော့ ကျနော်တို့ရဲ့ မှန်ကန်တဲ့လုပ်ရပ်၊ တရားမျှတစွာ ရပ်တည်နေတဲ့ အတွက် ကျနော်တို့ဘက်မှ ဘာမှ သွေဝေ နေစရာ မလိုတဲ့အပြင် ကျနော်တို့ ကိုးကွယ်တဲ့ အသက်ရှင်သော ဘုရား သခင်လည်း နှစ်သက်တယ်၊ ဒါကြောင့် K.I.A ဘက်ကနေ မလုပ်ဝံ့စရာ ဘာအကြောင်းမှ မရှိဘူး။

ဒါကြောင့် K.I.A ဌာနချုပ်ကနေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာအထိ တိုင်းမှူးရဲ့ ပြန်ကြား ချက်ကို စောင့်ခဲ့ပေမယ့် ၊ တိုင်းမှူး ဘက်ကနေ K.I.A ကို အရေး မယူတဲ့ အတွက် နေ့လည် ၁၂ နာရီ ထိုးပြီးနောက်တော့ K.I.A ဌာနချုပ်ကနေ အစည်းအဝေးမှာ ဒီနေ့ဟာ ကျနော်တို့ရဲ့ ကချင်ပြည် သူပြည် သားကို ကာကွယ်ဖို့ရန် K.I.O/K.I.A ရဲ့တာဝန်ဖြစ်တဲ့ အားလျော်စွာ ယနေ့ကစပြီး Deference စစ်ပွဲ (သို့) ထိုးစစ် စစ်ပွဲတို့ကို ရှောင်လွှဲလို့မရတော့တဲ့ အတွက် ဒီစစ်ပွဲကို K.I.A ကနေပြီး ယုံကြည်ကိုးကွယ်တဲ့ အသက်ရှင်သော ဘုရားသခင်ထံမှ အင်းအားတောင်းခံယူကာ စစ်ပွဲ ဆင်နွှဲဖို့ရန် ဌာနချုပ်ကနေ ဆုံးဖြတ်ပြီး K.I.O/K.I.A ဥက္ကဌ ကနေ လက်မှတ်ရေးထိုးပြီး ၁၃ ရက် ညနေပိုင်းကနေ စတင်ဆင်နွှဲပြီး K.I.A တပ်မဟာအပေါင်း တို့ကို ဌာနချုပ်ကနေ အမိန့် ချမှတ်လိုက်ပြီး ဆင်နွှဲလာခဲ့ ရာ ယနေ့ အထိဖြစ်ပါတယ်။

0 comments: