Friday, September 16, 2011

ဖိန်ရေယာန်မှာ တိုက်ပွဲဖြစ်ပွားနေ

Friday, September 16, 2011
ရှေ့တန်း နယ်မြေမှ K.I.A မျိုးချစ် စစ်သားများ

စက်တင်ဘာလ ၁၆ ရက် အခုအချိန်မှာ K.I.A တပ်နှင့် စစ်တပ်တို့အကြား နမ်ဆန်ယာန် ကျေးရွာ အထက်ဘက်မှာရှိတဲ့ နဖေါ့တောင်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါတယ်။ ယင်းတိုက်ပွဲ နေရာသည် အရင်က ကုမ်ဘောင် (Kum Bau ) ကျေးရွာ အနီးရှိ ဖိန်ရေယာန် (Hpin Re Yang ) နယ်မြေတွင် ဖြစ်ကြောင်း သိရှိ ရပါတယ်။

စစ်တပ်ဘက်မှ (၂၀) ဦးကျဆုံးပြီ

ဒီနေ့ စက်တင်ဘာလ ၁၆ ရက် ကချင်ပြည်နယ် နမ်ဆန်ယာန် တိုက်ပွဲတွင် K.I.A နှင့် စစ်တပ် ခလရ (၃၇)၊ (၄၃၈) တို့ အကြား တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ အနည်းဆုံး (၂၀) ဦးကျဆုံးပြီ ဖြစ်ကြောင်း ကျေးရွာမှ သတင်း ရရှိပါတယ်။ တိုက်ပွဲဟာ အခုချိန်ထိ ဆက်လက်ဖြစ်ပွား နေကြောင်း သိရှိရပါတယ်။ မနေ့က တိုက်ပွဲမှာ K.I.A စစ်သား (၁) ဦး သေနတ်ကျည်ဆံ ထိ၍ အခုချိန်မှာ K.I.A ဌာနချုပ် လိုင်ဇာ K.I.A ဆေားရုံမှာ ဆေးကုသ နေကြာင်း သိရှိရပါတယ်။
လုံခြုံရေး ယူနေသော K.I.A စစ်သား

စစ်တပ်ရဲ့ စစ်ကြောင်းကို K.I.A ဝိုင်းဝန်းတိုက်

စက်တင်ဘာ ၁၅ ရက် ၂၀၁၁ မနက်ပိုင်း ၁၀း၀၀ နာရီ ဝန်းကျင် ကနေ စက်တင်ဘာလ ၁၆ ရက် ဒီနေ့ နေ့လည်အထိ အစိုးရစစ်တပ်ဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနား မုဒ်လုမ် အခြေစိုက် LIB (37) , MOC (21) လက်အောက်ခံ နုမ်လာန် အခြေစိုက် LIR (438) တို့နှင့် နမ်ဆန်ယာန်ကျေးရွာ အနီး နမ်ဘာန် ချောင်း အထက်ပိုင်း တွင် K.I.A ဌာနချုပ် ကာကွယ်ရေး အထူးတပ် နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ကြောင်း ယင်းတိုက်ပွဲနှင့် နီးစပ်သူများထံမှ သတင်းရရှိပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆံး (၂၀) ဦး ကျဆုံးပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲမှ စစ်တပ်ရဲ့ လက်နက်မျိုးစုံကိုလည်း K.I.A တို့က သိမ်းဆည်း ရမိကြောင်း သိရှိရပါတယ်။ အခုအချိန်ထိ စစ်တပ်တို့ကို K.I.A တပ်တို့မှ ဝိုင်းရံ ထားကြောင်း သိရှိရပါတယ်။

K.I.A တပ်မှ စစ်တပ်ကို ဝင်တိုက်

K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နှင့် စစ်အစိုးရ၏ MOC (21) လက်အောက်ခံ LIR (387) တို့အကြား စက်တင်ဘာလ ၁၅ ရက် ၂၀၁၁ ညနေပိုင်း ၆း၀၀ နာရီ ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ စစ်တပ်ဘက်မှ LIR (387) မှ စစ်ကြောင်း ထွက်မည်ကို သတင်းရရှိပြီး K.I.A တပ်ရင်း (၁၅) တို့က လိုင်ဇာ ဗန်မော် (မန်မော်) လမ်း နမ်ဖါတ်ကာ ကျေးရွာ အနီးတွင် စောင့်ကြိုကာ ဝင်တိုက်ခဲ့ကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား (၁) ဦး ကျဆုံးပြီး MA-2 လက်နက်နှင့် လက်နက်ကြီးများကိုလည်း K.I.A တပ်မှ သိမ်းဆည်း ရရှိကြောင်း သိရှိရပါတယ်။

ချစ်ခင်လေးစား အပ်ပါသော ကချင်ပြည်သူပြည်သားများ အားလုံး အခုချိန်မှ ကျနော်တို့ နိုင်ငံအတွက်နှင့် K.I.A စစ်တပ်တို့ အောင်ပွဲရရှိရေး ၊ မှန်ကန်သော အောင်မြင်မှု ရရှိရန်အတွက် ကျနော်တို့ ယုံကြည်ကိုးကွယ်နေသော အသက်ရှင်သော ဘုရားသခင်ထံ ဆုတောင်း သနားခံဖို့ ရန်မှာ ကချင်ပြည်သူပြည်သားများ အားလုံးရဲ့ တာဝန်ကြီး တစ်ခုဖြစ်နေတယ်ဆိုတာကို သတိ ပေးလိုက်ပါတယ်။


0 comments: