Friday, September 16, 2011

ထိန်လဲ့ယာန်မှ K.I.A နှင့် စစ်တပ်များတိုက်ပွဲဖြစ်

Friday, September 16, 2011

K.I.A စစ်ဦးစီးချုပ် ဂမ်ရှောင် (ထိုင်) ဂွမ်မော် (ဒုစ-ရပ်)
စက်တင်ဘာလ ၁၅ ရက် ၂၀၁၁ နေ့လည် မှာ K.I.A ဌာနချုပ် ကာကွယ်ရေး အထူးတပ်နှင့် K.I.A ပြည်သူ့တပ် (MHH) တို့ ပူးပေါင်းပြီး စစ်တပ်တို့အကြား ကချင်ပြည်နယ် ထိန်လဲ့ယာန် (Hting Le Yang) တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရွာခံများမှ သတင်းရရှိပါတယ်။ ယင်းတိုက်ပွဲဟာ ပြင်းထန်စွာ နာရီ တော်တော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ကျဆုံးမှု ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိမှု များပြားကြောင်း K.I.A အရာရှိများမှ သိရှိရပါတယ်။ အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိပါတယ်။

ဝါးရှောင် ရွာသူရွာသားများ ဒုက္ခရောက်

ကချင်ပြည်၊ ဝိုင်းမော်မြို့နယ် ဝါးရှောင် (Wa Shawng) ကျေးရွာ မှ ရွာသူရွာသားများသည် အစိုးရ စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှုများ ကြုံတွေ့နေရတယ်လို့ ရွာခံများမှ သတင်းရရှိပါတယ်။  စစ်တပ်ကနေပြီး ရွာသူရွာသားများကို ညတိုင်း ဝါရှောင်ဆည် (Hka Madin) ကို လုံခြုံရေး ယူခိုင်းနေကြာင်း၊ အကြောင်းရင်းမှာ စစ်တပ်က K.I.A တို့ကနေ ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်နေ၍ တပ်တွင်းကနေ မထွက်ရဲဘဲ ရွာသားများကိုသာ လုံခြုံရေး ယူရန် အတင်းအဓိမ္မ စေခိုင်းနေကြောင်းသိရှိရပါတယ်။

0 comments: