Tuesday, September 13, 2011

အူရော်ကောင် (ကုန်း) မှာ K.I.A နှင့် စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွား

Tuesday, September 13,2011

K.I.A မျိုးချစ် စစ်မယ်များ

စက်တင်ဘာ (၁၂) ရက်နေ့ မှာ K.I.A အဖွဲ့မှ ကချင်ပြည်နယ် နမ်ဆန်ယာန် ကျေးရွာတွင် စစ်တပ်တို့ အခြေချ တဲ့ အမှတ် (၁၄၂) ခြေလျင်တပ် ကို K.I.A တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးခဲ့ကြောင်းကျေးရွာနှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

တဆက် တည်းမှာဘဲ အူရော်ကောင်(ကုန်း) မှ ဆင်းလာသော စစ်တပ်၏ စစ်ကြောင်းကို K.I.A တပ် တို့မှ ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား အနည်းဆုံး (၂၀) ဦး ကျဆုံး ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၏ K.I.A တာဝန် ရှိသူမှ စုံစမ်း သိရှိရပါတယ်။ ဒီတိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ်တို့က ဒုမ်ဘန်တောင် (Dum Bang) မှ အမြောက် ကြီးတို့ဖြင့် ပစ်ကူခဲ့ကြောင်း သိရှိရပါတယ်။ ဒုမ်ဘန်တောင်ဟာ လီဒိုလမ်း ဘက်က ကျေးရွာလည်း ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှု ကြောင့် ဆက်လက်ပြီး တိုက်ပွဲများ ပိုပြင်းထန် လာမှာကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရပါတယ်။

စစ်အစိုးရဟာ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် စစ်အင်အားများကို ဆက်လက် ပို့ဆောင်နေကြောင်း၊ စစ်အင်အားဖြည့် တင်းနေကြောင်း၊ သိရှိရပါတယ်။ စစ်အစိုးရဟာ ငြိမ်း ချမ်းရေး လိုလားဟန်ဖြင့် တိုင်းရင်းသား များကို နှိပ်ကွပ်နေ ခြင်းသာဖြစ်ပါတယ်။ K.I.A နှင့် လည်း စစ်ပွဲများ ဆက်လက်ပြင်းထန် လာမယ်ဆိုတာကို နိုင်ငံရေးလေ့လာ သူများက သုံးသပ်နေကြပါတယ်။
K.I.A ခေါင်းဆောင်များနှင့် ကချင်ပြည်သူပြည် သားများဟာ အငိုက်မမိဖို့ရာ အလွန် အရေးကြီးပါတယ်။ အခုချန်မှာ ကိုယ့်တိုင်းပြည်ကို ရအောင်တိုက်ယူရမှာ ဖြစ်ပါတယ်။

0 comments: