Saturday, September 17, 2011

K.I.A ဌာနချုပ်မှ စစ်ကူပို့

 Saturday, September 17, 2011

 K.I.A မျိုးချစ်စစ် သားများ

စစ်အစိုးရဘက်မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စစ်ကူမော်တော်ယာဉ်တန်း ထွက်လာပြီးနောက် K.I.A ဌာနချုပ်မှလည်း စစ်ကူ (၁၀၀) ကျော်ကို ပို့လွှတ်လိုက်ပြီ ဖြစ်ကြောင်း လိုင်ဇာမြို့မှ သတင်းရရှိပါတယ်။ အခုချိန်မှာ စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် တို့အကြား တိုက်ပွဲဟာ အထွဋ်အထိပ် ရောက်ရှိနေ ပြီးဖြစ်ကြောင်း K.I.A အရာရှိများမှ စုံစမ်းသိရှိရပါတယ်။ ယခု သတင်းရေးနေ ချိန်အထိ တိုက်ပွဲများဟာ မပြီးသေးကြောင်း ဖေါ်ပြလိုက်ပါတယ်။ ယခုတိုက်ပွဲတွင် K.I.A ဘက်မှ (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး လိုင်ဇာ K.I.A ဆေးရုံးမှာ ဆေးကုသခံယူ နေကြောင်း စုံစမ်းသိရှိရပါတယ်။ (၁) ဟာ နားရွက်တွင် လျှပ်ထိသွားကြောင်း၊ နောက် (၁) ဦး ဟာ ခြေထောက်မှာ ထိခိုက်ကြောင်း နှင့် ကျန် (၂) ဦး ကိုတော့ မသိရသေးကြောင်း တိုက်ပွဲနှင့် နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ အခုချိန်မှာ K.I.A နှင့် စစ်အစိုးရတို့၏ လွန်ခဲ့သော ဇွန်လ (၉) ရက်နေ့က စတင်လာတဲ့ စစ်ပွဲဟာ ယနေ့ချိန်မှာ တော့ စစ်ပွဲကြီးသို့ ကူးပြောင်းလာပြီးဖြစ်ပါတယ်။

0 comments: