Wednesday, September 14, 2011

စစ်တပ်ရဲ့ စစ်ကြောင်းတစ်ကြောင်းကို K.I.A ဝင်တိုက်

Wednesday, 14 September, 2011

ရှေ့တန်းမထွက်မီ ရှေးဦးစွာ ဘုရားသခင်ထံ 
ဆုတောင်အပ်နံနေတဲ့ K.I.A မျိုးချစ်စစ်သားများ

စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ နေ့တွင် ကချင်ပြည်နယ် နဖေါ့ (Na Hpaw) ကျေးရွာကနေ ဆင်းလာတဲ့ စစ်တပ်ရဲ့စစ်ကြောင်း ခလရ (၃၇) လူအင်အား (၁၃၀) ကျော်ရှိတဲ့ စစ်ကြောင်းကို K.I.A ဌာနာချုပ် ကာကွယ်ရေး အထူးတပ်ရင်း (၂၅၅) မှ နဖေါ့ ကျေးရွာအနီးတွင် မနက် ၇း၀၀ နာရီ ဝန်းကျင်တွင် ခြုံခို တိုက်ခိုက် ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ...


ကျဆုံးမှုရှိသော်လည်း အသေးစိတ်ကိုတော့ မသိ ရသေးကြောင်းနှင် စစ်ဗိုလ် (၂) ဦး အပါအဝင် စစ်သားများလည်း ထိခိုက်ဒဏ်ရာ ရမှု ရှိခဲ့ကြောင်း တိုက်ပွဲမှ တာဝန်ရှိသူများနှင့် နီးစပ်သူများက သတင်း ပေးပို့လာပါတယ်။

စက်တင်ဘာလ ၁၂ ရက် ၂၀၁၁ ၊ ည ၉း၀၀ ဝန်းကျင်တွင် K.I.A တပ်ရင်း (၁၈) နယ်မြေဖြစ်တဲ့ နမ်ဆန်ယာန် ကျေးရွာကနေ သွားရတဲ့ ဘန်ဒေါင် ( Bandawng) ကျေးရွာမှာ အခြေချတဲ့ အမှတ် (၃၇) ခြေလျင်တပ်ကို K.I.A မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း နီးစပ်သူများထံမှ သတင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာရရှိမှု ကိုတော့ ဆက်လက် စုံစမ်းလျက် ရှိပါတယ်။

အခုချန်မှာ စစ် အစိုးရနှင့် K.I.A ကချင် လွတ်မြောက်ရေး တပ်မတော် တို့အကြား လွန်ခဲ့တဲ့ ဇွန်လ (၉) ရက်နေ့က စပြီး စစ်ပွဲဖြစ်ပွား ခဲ့ရာ အခုအချိန်ထိ တိုက်ပွဲများဟာ နေရာ အနံ့ ဖြစ်လျက် ရှိနေပါတယ်။ စစ် အစိုးရရဲ့ မတရားမှု တွေကြောင့် စစ်ဖြစ်တဲ့ နယ်မြေများမှ ရွာသူ ရွာသားများကို ညှင်းပန်း နှိပ်စက်ခြင်း၊ ပေါ်တာ ဆွဲခြင်း၊ အထူးသဖြင့် ကလေး ငယ်များနှင့် အမျိုး သမီးများ အပေါ် ရွံရှာဖွယ် ကောင်းသော လူ့အခွင့် အရေး ချိုးဖောက်လျက်ရှိနေတာကို နိုင်ငံတော် သမ္မတ လို့ ကြွေးကျော်နေ တဲ့ ဦးသိန်းစိန်ဟာ မျက်ကွယ်ပြုလျက် ရှိနေပါတယ်။ အမျိုးသမီးများကို မတော်မတရား မဒိန်းကျင့် မှုတွေဟာ တဆထက်တဆ ပွားများ လာနေပါတယ်။

0 comments: